မုန်တိုင်းဒဏ်မှ အသက်ရှင်လွတ်မြောက်ခဲ့သူများနှင့် သမ္မတထရမ့် တွေ့ဆုံ

ဓာတ်ပုံ - SAUL LOEB/AFP/Getty Images
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဟာရီကိန်းမုန်တိုင်း မိုက်ကယ်ကနေ အသက်ရှင်လွတ်မြောက်ခဲ့သူတွေနဲ့ အောက်တိုဘာ ၁၅ ရက်နေ့မှာ တွေ့ဆုံခဲ့ပါတယ်။ Panhandle မှာရှိတဲ့ ဟာရီကိန်းသင့် ပြည်သူတွေအတွက် စားစရာနဲ့ အိမ်ယာတွေဟာ ဦးစားပေးအရာတွေ ဖြစ်တယ်လို့ သမ္မတ ထရမ့်က ပြောပါတယ်။ သမ္မတ ထရမ့်ဟာ ဦးဆုံးအနေနဲ့ လူဦးရေ ၁၈,၅၀၀ ရှိတဲ့ လင်းဟက်ဗန်မြို့ကို သွားရောက်ခဲ့ပါတယ်။ အဲဒီနောက် သမ္မတ ထရမ့်နဲ့ ဇနီး မယ်လ်နီယာတို့ဟာ ကယ်ဆယ်ရေးစခန်းရှိ မုန်တိုင်းသင့် ပြည်သူတွေကို ရေပုလင်းတွေ ဝေခဲ့ပါတယ်။ ဒီခရီးစဉ်မှာ သမ္မတ ထရမ့်နဲ့အတူ ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူး ရစ်စကော့လည်း လိုက်ပါလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့က ဟာရီကိန်း မိုက်ကယ် ဝင်ရောက်ခဲ့တာကြောင့် ပြည်နယ် ၄ ခုမှာ အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up