Home
မြန်မာသတင်း
လေယာဉ်ပျက်ကျ၍ ဗိုလ်ကြီးဟိန်းသူအောင်နှင့် ဗိုလ်ကြီးဖြိုးမောင်မောင်တို့ သေဆုံးဟု တပ်မတော်အတည်ပြု
DVB
·
October 16, 2018
မကွေးလေတပ်စခန်းဌာနချုပ်မှ အက်ဖ်- ၇ လေယာဉ်နှစ်စီးဟာ လေ့ကျင့်ပျံသန်းစဉ် ဒီကနေ့မနက် ၇နာရီခွဲလောက်မှာ ပျက်ကျပြီး လေယာဉ်မှူး ဗိုလ်ကြီးဟိန်းသူအောင်နဲ့ ဗိုလ်ကြီးဖြိုးမောင်မောင်တို့ နှစ်ဦး သေဆုံးသွားတယ်လို့ တပ်မတော်က အတည်ပြု သတင်းထုတ်ပါတယ်။ အက်ဖ်-၇ လေယာဉ် ၄ စီးဟာ ဒီမနက် ၆ နာရီ ၂၀ မိနစ်မှာ အုပ်စုဖွဲ့လေ့ကျင့်ပျံသန်းမှုတွေ စတင်ဆောင်ရွက်ခဲ့ပြီး လေတပ်စခန်းဌာနချုပ်သို့ ပြန်လာစဉ် ရာသီဥတုဆိုးရွားမှုနဲ့ ရုတ်တရက်ကြုံတွေ့ခဲ့လို့ လေယာဉ်တွေကို ကြိုးစားထိန်းချုပ်ဆင်းသက်ခဲ့ရတယ်လို့ ဆိုပါတယ်။ လေယာဉ် ၄ စီးအနက် ၂ စီးမှာ လေယာဉ်ကွင်းသို့ အောင်မြင်စွာဆင်းသက်နိုင်ခဲ့ပြီး ကျန်လေယာဉ် ၂ စီးကတော့  မင်းဘူးမြို့ရဲ့ တောင်ဘက်ဆားဗွက်ချောင်းတံတားအနီးမှာ ၁ စီး၊ မင်းဘူးမြို့၊ သနပ်ပင်စုကျေးရွာရဲ့ အနောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာရှိ လယ်ကွင်းအနီးမှာ ၁ စီး ပျက်ကျခဲ့ပြီး လေယာဉ်မှူး  ဗိုလ်ကြီးဟိန်းသူအောင်နဲ့ ဗိုလ်ကြီးဖြိုးမောင်မောင် သေဆုံးခဲ့ တယ်လို့ ဆိုပါတယ်။ ဆားဗွက်ချောင်းတံတားအနီးပျက်ကျခဲ့တဲ့ ဖြစ်စဉ်မှာ မင်းဘူးမြို့၊ အမှတ် (၄) ရပ်ကွက်၊ အေးသာယာလမ်းနေ ဦးဖိုးဖြူရဲ့သမီး ငါးတန်းကျောင်းသူ မသွယ်ဇင်ငြိမ်းဟာ ပျက်ကျလေယာဉ် အစိတ်အပိုင်းတွေ ထိမှန်ဒါဏ်ရာရရှိခဲ့လို့ မင်းဘူးပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူစဉ် မနက်  ၈ နာရီ ၄၀ မိနစ်ခန့်က သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ နယ်မြေခံတပ်မှ တာဝန်ရှိ သူတွေက ကျန်ရစ်သူမိသားစုတွေကို သွားရောက်တွေ့ဆုံပြီး ကူညီထောက်ပံ့ပေးနေသလို အဆိုပါ လေယာဉ်ပျက်ကျတဲ့နေရာကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက  သွားရောက် အသေးစိတ်စစ်ဆေးနေပါတယ်။ တပ်မတော်စစ်လေယာဉ်တွေဟာ ၂၀၁၃ ခုနှစ်ဇန်နဝါရီလက မြစ်ကြီးနားမြို့မှာ တကြိမ်၊ ၂၀၁၆ဇွန်လက ဒိုက်ဦးမြို့မှာ တကြိမ်၊ ၂၀၁၆ဖေဖော်ဝါရီလက နေပြည်တော်၊၂၀၁၇ မတ်လက စစ်တောင်းမြစ်အနီး၊၂၀၁၈ ဧပြီလက တောင်ငူမြို့မှာတကြိမ် ပျက်ကျတာကြောင့် တပ်မတော်သား၁၁ဦး သေဆုံးခဲ့ပြီး ၂၀၁၇ဇွန်လက ဖြစ်ပွားခဲ့တဲ့ တပ်မတော်လေယာဉ် Y8 ပျက်ကျမှုမှာတော့ ၁၂၂ဦးသေဆုံးခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024