အာဆီယံ ကာကွယ်ရေးဝန်ကြီးများ စင်ကာပူတွင် တွေ့ဆုံဆွေးနွေးမည်

အာဆီယံ ကာကွယ်ရေးဝန်ကြီးများ ယမန်နှစ်က တွေ့ဆုံစဉ်။ (ဓာတ်ပုံ - asean.org)
အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေဟာ စင်ကာပူနိုင်ငံမှာ လာမယ့် အောက်တိုဘာ ၁၈ ရက်ကနေ ၂၀ ရက်နေ့ထိ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားပါတယ်။ သူတို့နဲ့အတူ တရုတ်၊ အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယနဲ့ ဂျပန်နိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေလည်း တွေ့ဆုံဆွေးနွေးကြမှာပါ။ တရုတ်နဲ့ အာဆီယံတို့ဟာ အောက်တိုဘာနှောင်းပိုင်းမှာ ပင်လယ်ရေကြောင်း လေ့ကျင့်မှုတရပ် ပူးပေါင်းဆောင်ရွက်ဖို့ ရှိနေပါတယ်။ ဒီပူးပေါင်းလေ့ကျင့်မှုမှာ ဖိလစ်ပိုင်ကလည်း ပါဝင်မှာဖြစ်လို့ သူ့အတွက် တရုတ်နဲ့အတူ ပထမဆုံး စစ်ရေးလေ့ကျင့်မှု ဖြစ်လာမှာပါ။ တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုမြင့်စေတဲ့ လုပ်ရပ်တွေ ဆက်တိုက်ဖြစ်အပြီး ခုလို ဆွေးနွေးလေ့ကျင့်ကြဖို့ စီစဉ်ခဲ့တာပါ။ အမေရိကန်ကတော့ တရုတ်နဲ့ အမေရိကန်ရေတပ်သင်္ဘောတွေကြား လတ်တလော ဖြစ်ရပ်တွေက ပဋိပက္ခ ဖြစ်လုနီးပါးအဆင့်ကို ဦးတည်နေတယ်လို့ ပြောပါတယ်။ တရုတ်ကတော့ လွတ်လပ်စွာ ရေကြောင်းသွားလာရေးအတွက် အမေရိကန်ရဲ့ တောင်းဆိုချက်ကို တရားမဝင်တဲ့ ကျူးကျော်မှုလို့ ပြောရင်း ပြစ်တင်ရှုတ်ချထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up