A d v e r t i s e m e n t With Us

ပြင်သစ်တွင် မိုးကြီးပြီး ရေလွှမ်း၊ အနည်းဆုံး လူ ၆ ဦး သေဆုံး

ဓာတ်ပုံ - AFP
ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်း အော်ဒီခရိုင်မှာ မိုးကြီးပြီး ရေလွှမ်းနေတာကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့တယ်လို့ ဒေသအစိုးရ တာဝန်ရှိသူက အောက်တိုဘာ ၁၅ ရက်နေ့မှာ ပြောပါတယ်။ ဒီအတွက် ရဟတ်ယာဉ် ၆ စီးနဲ့ ကယ်ဆယ်ရေး လုပ်ဆောင်နေပြီး ရာသီဥတု ဆိုးနေတာမို့ အခက်အခဲတွေ့နေတယ်လို့ အဲဒီ တာဝန်ရှိသူက ဆိုပါတယ်။ ကယ်ဆယ်ရေးမှာ မီးသတ်တပ်ဖွဲ့ဝင် ၂၅၀ နဲ့ ရဲတပ်ဖွဲ့ဝင် ၁၀၀  ဝန်းကျင် ပါဝင်ဆောင်ရွက်နေပါတယ်။ ရေလွှမ်းမှုအဆိုးဆုံးဖြစ်ရာ နေရာတွေမှာ ကွန်ကပ်စ်ဆူးရော်ဘီရယ်နဲ့ ဗီရာဒွန်နယ် ရွာတွေ ပါဝင်ပါတယ်။ ရေအမြင့်ဟာ တချို့အိမ်တွေရဲ့ ပထမထပ် ပြတင်းပေါက်အထိ ရောက်ရှိနေပါတယ်။ မိုးရွာမယ်လို့ ခန့်မှန်းထားတဲ့အတွက်လည်း အဲဒီဒေသမှာ ရေဆက်လက်မြင့်တက်ဖွယ် ရှိနေပါတယ်။ ဒီအတွက် ကျောင်းတွေပိတ်ထားပြီး ဒေသခံတွေကို အိမ်ထဲမှာပဲနေကြဖို့ တိုက်တွန်းထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up