A d v e r t i s e m e n t With Us

ကွင်းလယ်သမား အဲလက်ဆောင်း ဘာစီလိုနာနှင့် ပူးပေါင်း

ဘာစီလိုနာကို ေြပာင်းေရွှ့လာတဲ့ ကွင်းလယ်ကစားသမား ေဆာင်းကုိ
အာဆင်နယ် ကွင်းလယ်မှာ အားထားရတဲ့ ဆောင်းကို ဘာစီလိုနာက ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်း ပေးပြီး ၅ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ကင်မရွန်း လက်ရွေးစင်ဟာ လောလောဆယ်မှာ ဆေးစစ်မှုခံယူနေပြီး မနက်ဖြန်မှာ ဘာစီလိုနာက မီဒီယာတွေရှေ့မှောက်မှာ မိတ်ဆက်ပွဲ ပြုလုပ်ပေးဖို့ ရှိနေပါတယ်။ [caption id="attachment_29495" align="alignleft" width="300" caption="ဘာစီလိုနာကို ပြောင်းရွှေ့လာတဲ့ ကွင်းလယ်ကစားသမား ဆောင်းကို "][/caption] အာဆင်နယ်က ဆောင်းရဲ့ နေရာမှာ အစားထိုးနိုင်ဖို့အတွက် ရီးရဲလ်မက်ဒရစ်မှာ နေရာမရာ ဖြစ်နေတဲ့ ကွင်းလယ်သမား ဆာဟင်းနဲ့ အစားထိုးနိုင်ဖို့ ကြိုးစားနေ တာပါ။ လောလောဆယ် ဆာဟင်းကို ၁ နှစ် အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ဖို့ ညှိနှိုင်းနေတာ နီးစပ်နေပြီ လည်း ဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက် ဆန်းဒါးလန်းနဲ့ ဂိုးမရှိ သရေကျတဲ့ပွဲမှာ ဆောင်း ပါဝင်ကစားခဲ့ခြင်း မရှိပါဘူး။ ကွင်းလယ်သမား ဆောင်းကို အသက် ၁၇ နှစ်အရွယ် ၂၀၀၅ မှာ ပြင်သစ်ကလပ် Bastia ကနေ အာဆင်နယ်က ခေါ်ယူခဲ့တာပါ။ ဆောင်းဟာ အာဆင်နယ်အတွက် ပွဲပေါင်း ၂၀၀ ကျော် နဲ့ ကင်မရွန်း လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း (၃၀) ကစားပေးထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up