မန်ယူတိုက်စစ်မှူး လူကာကူ စီးရီးအေသို့ ပြောင်းမည့်သတင်းထွက်

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး လူကာကူ အသင်းကနေထွက်ပြီး စီးရီးအေ ကလပ်အသင်းတသင်းကို ပြောင်းရွှေ့မယ့်သတင်းတွေ ထွက်ပေါ်နေပါတယ်။ လူကာကူဟာ လက်ရှိ ဥရောပရဲ့ အတောင့်တင်းဆုံး ကလပ်အသင်းအဖြစ် သတ်မှတ်ခံထားရတဲ့ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့လိမ့်မယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ လူကာကူဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကမှ ပေါင် ၇၅ သန်း တန်ကြေးရှိတဲ့စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိပါသေးတယ်။ လက်ရှိဘောလုံးရာသီမှာတော့ သူဟာ မန်ချက်စတာယူနိုက်တက်အတွက် ၁၁ ပွဲ ကစားထားပြီး ၄ ဂိုးသာ သွင်းယူထားနိုင်ပါတယ်။ လူကာကူဟာ ဂျူဗင်တပ်အသင်းမှာ ကစားနေတဲ့ ရော်နယ်ဒိုနဲ့ အတူကစားလိုပြီး ဒိုင်ဘားလား၊ ဒေါက်ကလပ်ကော်စတာ အစရှိတဲ့ ကစားသမားတွေကိုလည်း ချီးကျူးပြောကြားခဲ့ပါတယ်။ နည်းပြ မော်ရင်ဟိုကြောင့် ကစားသမားတွေ မန်ချက်စတာယူနိုက်တက်ကနေ ထွက်ခွာမယ့်သတင်းတွေ ထွက်ပေါ်နေပြီး ကွင်းလယ်လူ ပေါ့ဂ်ဘာလည်း ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့ သတင်းထွက်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up