ပြင်သစ် ကစားသမားများ ဒစ်စနေးလန်းသို့ သွားရောက်အပန်းဖြေ

ကမ္ဘာ့ချန်ပီယံ ပြင်သစ်လက်ရွေးစင်အသင်းဟာ ပြီးခဲ့တဲ့ ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ပွဲစဉ်မှာ အိုက်စလန်အသင်းကို ၂ ဂိုးစီ သရေရလဒ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် ပြင်သစ်နိုင်ငံမြို့တော် ပဲရစ်မှာရှိတဲ့ ဒစ်စနေးလန်းကို သွားရောက် အပန်းဖြေခဲ့ကြပါတယ်။ အန်ဘာပေး၊ ပေါ့ဘာ၊ ဂရစ်ဇ်မန်း၊ ဒမ်ဘီလီတို့ ၄ ဦးဟာ ဒစ်စနေလန်းထဲမှာရှိတဲ့ ပျော်ရွှင်ဖို့ကောင်းတဲ့ ကစားနည်းတွေကို ဝင်ရောက်ကစားခဲ့ပြီးတော့ အမှတ်တရ ဓာတ်ပုံတွေနဲ့ ဗွီဒီယိုတွေကို လူမှုကွန်ယက်တွေပေါ်မှာ တင်ခဲ့တာဖြစ်ပါတယ်။ ပြင်သစ်အသင်းဟာ အိုက်စလန်အသင်းကို ၂ ဂိုးပြတ်ရံးနိမ့်နေရာကနေ ပွဲပြီးခါနီးမှာ ၂ဂိုး ပြန်လည်သွင်းယူပြီး ရလဒ်ကောင်းရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ်အသင်းဟာ နောက်တစ်ပတ် နိုင်ငံတကားပွဲစဉ်အဖြစ် ဂျာမနီအသင်းနဲ့ ယှဉ်ပြိုင်ကစားရဖို့လည်း ရှိနေပြီးတော့ ပထမအကျော့မှာတော့ ဂိုးမရှိ သရေကျထားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up