မြေပြိုမှုဖြစ်ခဲ့သည့် တရုတ်တွင် ဒေသခံ ၃၀၀၀၀ ကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်း

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ စီချွမ်ပြည်နယ်တွေမှာ မြေပြိုမှု ဖြစ်ပြီးနောက် အခုအခါ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။ အောက်တိုဘာ ၁၄ ရက်နေ့မှာတော့ တိဘက်၊ စီချွမ်နဲ့ ယူနန်ပြည်နယ် မြစ်တလျှောက်က ဒေသခံ ၃၀,၀၀၀ ကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ထားပါတယ်။ ချန်ဒူမြို့ ကျီအန်းဒါ စီရင်စုမှာ ရေကြီးမှုကြောင့် ပိတ်မိနေတဲ့ ကျောင်းသား ၂၉၇ ဦးနဲ့ ကျောင်းဆရာ ၁၃ ဦးကို အောက်တိုဘာ ၁၄ ရက်နေ့က ဘေးလွတ်ရာ ပြောင်းရွှေ့ပေးနိုင်ခဲ့ပါတယ်။ ဒေသခံတွေ ပြောင်းရွှေ့ရေးနဲ့ ပြန်လည်နေရာချထားရေး လုပ်ငန်းတွေဟာ နှင်းမိုးရွာတာကြောင့် ကြန့်ကြာနေရပါတယ်။ တိဘက်ဒေသမှာ ကယ်ဆယ်ရေးထရပ်ကား ၂၇ စီးနဲ့ ယာယီစခန်း ၄၄ ခုကို ကယ်ဆယ်ရေးပစ္စည်းတွေ ပို့ဆောင်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up