ဆော်ဒီသတင်းထောက် ပျောက်ဆုံးမှု စုံစမ်းရာတွင် အပြည့်အဝပူးပေါင်းရန် ဗြိတိန်ဆော်သြ

FILE PHOTO: Jamie Dimon, CEO of JPMorgan Chase, takes part in a panel discussion about investing in Detroit at the Kennedy School of Government at Harvard University in Cambridge, Massachusetts, U.S., April 11, 2018. REUTERS/Brian Snyder/File Photo
ဆော်ဒီအာရေဗျ သတင်းထောက် ဂျမယ်လ်ခါ့ရှ်ဂီ ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရာမှာ အပြည့်အဝ ပူးပေါင်းပါဝင်ဖို့  ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရမီဟန့်ထ်က ဆော်ဒီအစိုးရကို အောက်တိုဘာ ၁၄ ရက်နေ့မှာ ဆော်သြလိုက်ပါတယ်။ “ဆော်ဒီခေါင်းဆောင်တွေမှာ ဖုံးကွယ်ထားစရာ ဘာမှမရှိလို့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်သင့်တယ်။ ဒီအရေးနဲ့ပတ်သက်ပြီး ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီးနဲ့ ပြောဆိုပြီးပြီ” လို့ ဟန့်ထ်က ချီးဗနင်းအိမ်တော်မှာ ပြောပါတယ်။ အမေရိကန်မှာ နေထိုင်သူ ဝါရှင်တန်ပို့စ် သတင်းစာ ပင်တိုင်ဆောင်းပါးရှင် ခါ့ရှ်ဂီဟာ ဆော်ဒီအစိုးရရဲ့ မူဝါဒတွေကို ဝေဖန်သူတဦး ဖြစ်ပါတယ်။ သူဟာ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့က ဆော်ဒီ ကောင်စစ်ဝန်ရုံးကို ဝင်အပြီး အောက်တိုဘာ ၂ ရက်နေ့မှာ ပျောက်ဆုံးခဲ့ပါတယ်။ သူဟာ အသတ်ခံရပြီး အလောင်းရွှေ့ခံရတယ်လို့ တူရကီအစိုးရက ယုံကြည်ထားပေမယ့် ဆော်ဒီအာရေဗျကတော့ ဒီပြောဆိုချက်ကို ငြင်းဆန်ခဲ့ပါတယ်။ တကယ်လို့ ခါ့ရှ်ဂီကို ဆော်ဒီအစိုးရက သတ်ခဲ့တာဆိုရင် ဗြိတိန်အစိုးရက ဘယ်လို အရေးယူမယ့် အလားအလာရှိမလဲဆိုတဲ့ အချက်ကိုတော့ ဟန့်ထ်က မပြောပါဘူး။ ခါ့ရှ်ဂီ ဘာဖြစ်သွားတယ်ဆိုတဲ့ အချက်အလက် အပြည့်အစုံကို ဘယ်သူမှ မသိသေးဘူးလို့ ဟန့်ထ်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up