အမေရိကန်တွင် အပင်အခြေပြု အသားအစားထိုး စားသောက်ကုန်များ ထုတ်လုပ်

Two Californian companies, recognised as innovators by the United Nations, want us to replace meat with their plant-based protein food products. Amy Pollock reports.
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်က ကုမ္ပဏီနှစ်ခုဟာ အပင်အခြေပြု အသားအစားထိုး စားသောက်ကုန်တွေ ထုတ်လုပ်နေပါတယ်။ ဖန်လုံအိမ် အာနိသင်ကို တဝက်ကျော်လျှော့ချဖို့ လူတွေဟာ အပင်အခြေပြု အစားအစာတွေကို စားသုံးသင့်တယ်လို့ သုတေသနတရပ်က ဆိုပါတယ်။ ဒါကြောင့် ဘာဂါကြိုက်သူတွေအတွက် အခုလို အသားမပါပေမယ့် တကယ့်အသားအတိုင်း အရသာတွေ့စေမယ့် ဘာဂါတွေကို တီထွင်လိုက်တာပါ။ အသားရှောင်ကြဉ်ရေးအဖွဲ့ တည်ထောင်သူနဲ့ စီအီးအို အီသန်ဘရောင်းက “လူတွေကို အသားကင်စားရာကနေ တိုဖူး ပြောင်းစားခိုင်းဖို့ဆိုတာ မအောင်မြင်နိုင်ပါဘူး။ ဒါပေမယ့် မူလဇာစ်မြစ်ပြောင်းပြီး ဖွဲ့စည်းမှု မပြောင်းလဲတဲ့ ဘာဂါတခုကနေ နောက်ဘာဂါတခုကို ပြောင်းစားခိုင်းရင်တော့ အောင်မြင်ပါလိမ့်မယ်” လို့ ပြောပါတယ်။ အခုလို စားသောက်ကုန် ဆန်းသစ်တီထွင်မှုကြောင့် အဲဒီကုမ္ပဏီနှစ်ခုဟာ ကုလသမဂ္ဂက ပေးအပ်တဲ့ “မြေကမ္ဘာချန်ပီယံဆု” ကို ရရှိခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up