ပြင်သစ်နည်းပြ ဒက်စ်ချမ့်ကို နောက်ခံလူ ကိုစီယယ်နီ ဝေဖန်

ပြင်သစ် နောက်တန်းကစားသမား ကိုစီယယ်နီက လက်ရွေးစင်အသင်းနည်းပြ ဒက်စ်ချမ့်ကို ဝေဖန်ပြီး  လက်ရွေးစင် ဘောလုံးသမား ဘဝကနေ အနားယူသွားပါတယ်။ နောက်ခံလူ ကိုစီယယ်နီဟာ ပြီးခဲ့တဲ့မေလက ယူရိုပါလိဂ် ဆီမီးဖိုင်နယ်မှာ ဒဏ်ရာကြောင့် အာဆင်နယ်အတွက် ပါဝင်ကစားပေးနိုင်ခဲ့ခြင်း မရှိပါဘူး။ အဲဒီနောက် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပြင်သစ်အသင်းမှာလည်း ရွေးချယ်မခံရဘဲ ချန်ထားခံခဲ့ရပါတယ်။ အသက် ၃၃ နှစ်အရွယ် ကိုစီယယ်နီကတော့ နည်းပြနဲ့ပတ်သက်ရင် လူတော်တော်များများ စိတ်ပျက်ရပါတယ်လို့ ပြောပါတယ်။ သူဟာ ပြင်သစ်အသင်းအတွက် ပွဲပေါင်း ၅၁ ပွဲ ကစားပေးထားပါတယ်။

//
More News
Up