A d v e r t i s e m e n t With Us

ပြင်သစ်တွင်ကျင်းပသည့် တစ်ခ်ဘော နှစ်ယောက်တွဲပွဲစဉ်တွင် မွန်တီနီဂရိုး ကမ္ဘာ့ချန်ပီယံဆုရ

ပြင်သစ်နိုင်ငံ အရှေ့မြောက်ပိုင်း ရန်းစ်မြို့မှာ အောက်တိုဘာ ၁၃ ရက်နေ့က တစ်ခ်ဘော (Teqball) ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခဲ့ပါတယ်။ အဲဒီပြိုင်ပွဲ နှစ်ယောက်တွဲပွဲစဉ်မှာ မွန်တီနီဂရိုးက ဘူတန်မဟိုရေဗစ်ခ့်ျနဲ့  နီကိုလာမီထိုတို့အတွဲက ကမ္ဘာ့ချန်ပီယံဆုရခဲ့ပြီး ဆုကြေးငွေ အမေရိကန်ဒေါ်လာ နှစ်သောင်း ရခဲ့ပါတယ်။ နှစ်ရက်ကြာကျင်းပတဲ့ ပွဲစဉ်တွေအတွင်း နိုင်ငံပေါင်း ၄၂ နိုင်ငံက အားကစားမောင်မယ်တွေဟာ တယောက်ချင်းနဲ့ နှစ်ယောက်တွဲ တစ်ခ်ဘောပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီနှစ် တစ်ခ်ဘော ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အရေအတွက်ဟာ မနှစ်ကထက် နှစ်ဆများပြီး အာရှ၊ အာဖရိက၊ ဥရောပနဲ့ ပစိဖိတ်ဒေသ နိုင်ငံတွေ အပါအဝင် တကမ္ဘာလုံး ကိုယ်စားပြုတဲ့ ကစားသမားတွေ ပါဝင်ခဲ့ပါတယ်။ အဲဒီ တစ်ခ်ဘောအားကစား ကျယ်ပြန့်လာစေဖို့ အာရှနဲ့ အာဖရိကနိုင်ငံတွေမှာ ပြိုင်ပွဲတွေ ကျင်းပတာ အပါအဝင် လာမယ့် ၂ နှစ်အတွင်း ကမ်းခြေ တစ်ခ်ဘောပြိုင်ပွဲတွေ ကျင်းပနိုင်ခြေ ရှိတယ်လို့လည်း သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up