တောင်သုံးလုံး တောင်တက်နှင့်အဆင်းလမ်းကြမ်း စက်ဘီးစီးပြိုင်ပွဲ ပထမဆုံးအကြိမ် ကျင်းပ

တောင်သုံးလုံးဖိတ်ခေါ် တောင်တက်စက်ဘီးစီးပြိုင်ပွဲ နဲ့ တောင်အဆင်းလမ်းကြမ်း စက်ဘီးစီးပြိုင်ပွဲကို အောက်တိုဘာ ၁၄ ရက်နေ့မနက်က မန္တလေးမြို့မှာ ပထမဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။ ဒီပြိုင်ပွဲကို ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန နဲ့ မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်တို့ ကြီးမှူးပြီး Mandalay Free Rider (MFR) စက်ဘီးစီးအဖွဲ့က ဦးစီးကျင်းပတာပါ။ မြန်မာနိုင်ငံ စက်ဘီးစီးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်ဝင်းထွန်းက ''တမျိုးသားလုံး ကျန်းမာကြံ့ခိုင်ဖို့၊ သဘာဝပတ်ဝန်းကျင်း စိမ်းလန်စိုပြေဖို့၊ အားလုံးကို အထောက်အကူပြုတဲ့ စက်ဘီးအားကစားနည်းကို လူတွေပိုပြီး စိတ်ဝင်စားဖို့ ကျင်းပတာပါ။ ဒီပွဲက တောင်သုံးလုံးကို တက်ပြီးမှာသာ အနိုင်ရရှိမှာပါ၊ ပထမဆုံးအကြိမ် ကျင်းပတာပါ '' လို့ ဒီဗွီဘီကို ပြောပါတယ်။ မျိုးဆက်သစ် စက်ဘီးစီး အားကစားသမားများ ပေါ်ထွက်လာဖို့ စက်ဘီးစီး အားကစားကို လူအများ စိတ်ဝင်စားမှု မြင့်တက်လာစေဖို့၊ တောင်သုံးလုံး တောင်တက်စက်ဘီးစီးပြိုင်ပွဲ နဲ့ တောင်အဆင်းလမ်းကြမ်းစက်ဘီးစီးပြိုင်ပွဲ အတွေ့အကြုံသစ်များ ရရှိလာနိုင်စေဖို့နဲ့ မြန်မာနိုင်ငံမှာ စက်ဘီးစီးအားကစားကို အိမ်ရှင်အဖြစ် ပြိုင်ပွဲကြီးတွေ လက်ခံကျင်းပနိုင်ဖို့ ရည်ရွယ် ကျင်းပတာဖြစ်ပါတယ်။ တောင်သုံးလုံးဖိတ်ခေါ် တောင်တက်စက်ဘီးစီးပြိုင်ပွဲက ခရီးအကွာအဝေး ၃၇ ကီလိုမီတာ (၂၃ မိုင်) ကွာဝေးပြီး မန္တလေးတောင်၊ ရန်ကင်းတောင် နဲ့ ရေတံခွန်တောင် စတဲ့ တောင် ၃ တောင်ကို ဖြတ်ကျော် စီးနှင်ရတာပါ၊ ဒီပွဲကို စက်ဘီးစီး အားကစားသမား ၄၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ တောင်အဆင်းလမ်းကြမ်း စက်ဘီးစီးပြိုင်ပွဲကို ရေတံခွန်တောင်မှာ နေ့လယ်ပိုင်းက ကျင်းပခဲ့ပြီး စက်ဘီးစီးအားကစားသမား ၄၀ လောက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။ သော်တာ

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up