ရုရှား base jumping ပွဲတော် နိုင်ငံအသီးအသီးမှ ဝါသနာရှင်များ ဆင်နွှဲ (ရုပ်သံ)

ရုရှားနိုင်ငံ ဆိုချီမြို့မှာ အောက်တိုဘာလ ၁၃ ရက်နေ့က နှစ်စဉ်ကျင်းပမြဲ base jumping ပွဲတော်မှာ နိုင်ငံအသီးသီးက base jumping ၀ါသနာအိုးတွေ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ ကမ္ဘာတ၀ှမ်းက စွန့်စားခန်းဝါသနာအိုးတွေဟာ ၂၀၇ မီတာမြင့်တဲ့ ကြိုးတံတားပေါ်ကနေ ခုန်ဆင်းပြီး ဆိုချီမြို့ကို ဝန်းရံထားတဲ့ ရင်သပ်ရှုမောဖွယ် တောင်တန်းအလှကို ကောင်းကင်ယံကနေ ခံစားကြပါတယ်။ ဒီပွဲတော်ဟာ ဆိုချီမြို့မှာ ၄ ကြိမ်မြောက် ကျင်းပတဲ့ ပွဲတော်လည်း ဖြစ်ပါတယ်။ Base jumping နဲ့ပတ်သက်ပြီး ၀ါသနာရှင် အယ်လီနာက “အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။ လူတွေက သဘောကောင်းကြတယ်။ ရှုခင်းတွေကလည်း လှတယ်။ သုံးလေးနာရီေ်လာက် တောင်ပေါ်တက်ပြီးမှ  base jumping ခုန်ရတာလေ။ တခြားဘယ်မှာမှ၊ ဘယ်အားကစားမှာမှ မရတဲ့ နှစ်သက်ဖွယ် ခံစားမှုမျိုးကို ရပါတယ်” လို့ ပြောပါတယ်။ BASE JUMPING ပွဲတော်ကျင်းပရေး စီစဉ်သူ နီကိုးဗိုလပ်ပါယက်က “နောက်စိတ်ဝင်စားဖွယ် ပြကွက်တခုရှိပါတယ်။ ကေဘယ်လ်ကြိုးမှာ ခိုစီးပြီးတော့ အရှိန်နဲ့ အောက်ကိုခုန်ဆင်းတာပါ။ အရမ်းပျော်စရာကောင်းပါတယ်။ ဒီလို ခုန်လို့ရတဲ့နေရာမျိုးက မရှိသလောက်ပါပဲ” လို့ ဆိုပါတယ်။ နောက် BASE JUMPER တဦးဖြစ်သူ ဂျွန်နီဝန်ကလိုကိုတာကလည်း “၆၅၆ ပေဆိုတာ ခုန်လို့ရတဲ့ အနေအထားပါပဲ။ ခုန်ဖို့၊ လေထီးဖွင့်ဖို့နဲ့ အန္တရာယ်ကင်းကင်းနဲ့ ဆင်းဖို့ အချိန်အများကြီးရပါတယ်။ ဒီကိုလာတာ ခရီးစဉ်ကောင်း တခုဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။ Base jumping အားကစားဟာ အထပ်မြင့်အဆောက်အဦတွေ၊ တံတားတွေနဲ့ တောင်စောင်းတွေပေါ်က ခုန်ချပြီး လေထီးနဲ့ဆင်းတဲ့ လူကြိုက်များ အားကစားနည်း တမျိုး ဖြစ်ပါတယ်။

//
More News
Up