A d v e r t i s e m e n t With Us

စိတ်ကျရောဂါ ခံစားနေရသည့် ဆလီနာကို အားပေးအကြံပြုခဲ့သည့် ရက်ပ်စတားကာဒီဘီ

ရက်ပ်စတား ကာဒီဘီက စိတ်ကျန်းမာရေးဆိုင်ရာ ပြသနာတွေနဲ့ ရင်ဆိုင်နေရတဲ့ ဆလီနာကို စာနာ နားလည်ပေးနိုင်ကြောင်း အားပေးစကားပြောကာ ပေါ့ပ်စတားကို ဒီအခြေအနေဆိုးကြီးကနေ လွှတ်မြောက်ဖို့ အကြံဉာဏ်ပေးမှုတွေပြုလုပ်ခဲ့တယ်လို့ Eonline သတင်းမှာ ဖော်ပြပါတယ်။ ကာဒီက သူမဟာ ဆလီနာနဲ့ လက်တွဲအလုပ်လုပ်ဖူးကြောင်း ဆလီနာဟာ ချစ်ဖို့ကောင်းတဲ့ နူးညံ့သူ တဦးဖြစ်ကာ အမှန်တကယ်ကြင်နာတတ်သူ တယောက်ဖြစ်တယ်လို့ ပြောပါတယ်။ သူမအနေနဲ့ ဆလီနာလိုအခြေအနေမျိုးနဲ့ ရင်ဆိုင်ခဲ့ဖူးကြောင်း၊ ဒီအခြေအနေ ဆိုးတွေကနေ လွတ်မြောက်ဖို့အတွက် ဘုရားသခင်ထံမှာ လေးလေးနက်နက်ဆုတောင်းကာ လူမှုကွန်ရက်တွေကို လုံးဝမသုံးစွဲဘဲ နေသင့်တယ်လို့လည်း အကြံပြုပါတယ်။ ထွက်ပေါ်လာတဲ့သတင်းတွေအရ ဆလီနာဟာ အခုသီတင်းပတ်အစောပိုင်းမှာ စိတ်ကျရောဂါကြောင့် ဆေးရုံတင်ကုသခဲ့ရတယ်လို့ သိရပြီး အဲဒီမတိုင်ခင်ကလည်း သူမဟာ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကြောင့် နှစ်ကြိမ်တိုင်တိုင် ကုသမှုခံယူခဲ့ရပါသေးတယ်။ ဒီလိုအခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ လုပ်ဖော်ကိုင်ဖက်အတွက် ကာဒီက သူမရဲ့ စာနာနားလည်မှုကို ထုတ်ဖော်ပြသခဲ့တာဖြစ်ပြီး သူမကိုယ်တိုင် စိတ်ကျဝေဒနာ ခံစားရချိန်တုန်းကလည်း စိတ်ရဲ့ ခြောက်လှန့်မှုဆိုးကြီးကနေ ရုန်းထွက်ဖို့ ရုန်းကန်ခဲ့ရဖူးတယ်လို့ ဆိုပါတယ်။ ကာဘီက ဆလီနာအနေနဲ့ ဒီအခြေနေမှာ သူမအပေါ် အမှန်တကယ် ချစ်မြတ်နိုးသူတွေ အနားမှာနေထိုင်အနား ယူသင့်တယ်လို့အကြံပြုခဲ့ပြီး သူမကိုယ်တိုင်လည်း စိတ်ကျနေချိန်မှာ အဖွားဖြစ်သူထံ သွားရောက်နေထိုင်ကာ အားပေးနှစ်သိမ့်မှုကို ခံယူခဲ့တယ်လို့ပြောပါတယ်။ အသက် ၂၆ နှစ်အရွယ်ပေါ့ပ်စတား ဆလီနာဟာ အချစ်ရေး၊ ကျန်းမာရေးစတဲ့ ပြသနာတွေကြောင့် စိတ်ကျဝေဒနာနဲ့ ရင်ဆိုင်နေရသူဖြစ်ပြီး သူမအတွက်ကာဒီအပါအဝင်  အနုပညာလောကမှ လုပ်ဖော်ကိုင် ဖက်တွေက အားပေးနှစ်သိမ့်မှုတွေ ပြုလုပ်လျက်ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up