Red Bull ဖော်မြူလာဝမ်းပြိုင်ကား မိုင်ယာမီနှင့်ရောကီးတောင်တန်းများပေါ် မောင်းနှင်

Red Bull ဖော်မြူလာဝမ်း ပြိုင်ကားဟာ အမေရိကန်နိုင်ငံ မိုင်ယာမီကမ်းခြေနဲ့ ရော့ကီးတောင်တန်းတွေမှာ မောင်းနှင် ပြခဲ့ပါတယ်။ ခရီးစဉ် ပထမပိုင်းအနေနဲ့ သြဂုတ်လက  RB7 ပြိုင်ကားဟာ ဆန်ဖရန်စစ္စကို မြို့ ဂိုးဒင်းဂိတ် တံတားကိုဖြတ်ပြီး  Death Valley တောင်ကြားမှာ ယာဉ်ကြံ့ခိုင်ရေးအတွက် ခေတ္တရပ်နားခဲ့ပါတယ်။ အဲဒီနောက် ယူတားပြည်နယ် အထိမ်းမှတ် အဆောက်ဦရှိရာ မောင်းနှင်ပြီးတဲ့ အခါမှာတော့ လာ့စ်ဗီးဂတ်စ်မှာ ညဘက်မောင်းနှင်ပြီး ပန်းဝင်ခဲ့ပါတယ်။ ခရီးစဉ် ဒုတိယပိုင်းအဖြစ် မိုင်ယာမီကမ်းခြေနဲ့ ရော့ကီးတောင်တန်းတွေပေါ်မှာ မောင်းနှင်ခဲ့ပါတယ်။ အဆိုပါ ရော့ကီးတောင်တန်းတွေဟာ ပင်လယ်ရေမျက်နှာပြင် အထက် ၂၇၅ဝ- မီတာ အမြင့်မှာ ရှိတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up