အိမ်ရှင်မြန်မာအသင်း ဘိုလီးဗီးယားကို ၃ ဂိုးပြတ် ရှုံးနိမ့်

မနေ့က ယှဉ်ပြိုင်သွားတဲ့ ခြေစမ်းပွဲစဉ်မှာ မြန်မာက အိမ်ကွင်းမှာ ဘိုလီးဗီးယားကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်သွားပါတယ်။ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းဟာ အာဆီယံဆူဇူကီး ဖလားပြိုင်ပွဲအတွက် ပြင်ဆင်နေတာဖြစ်ပြီး ဒုတိယမြောက် ခြေစမ်းပွဲလည်း ဖြစ်ပါတယ်။ ဘိုလီးဗီးယားအသင်းကလည်း အဓိက ကစားသမား အများစုနဲ့ ပွဲထွက်လာပြီး အနိုင်ဂိုး ၂ ဂိုးကို ခေါင်းတိုက်ပြီး သွင်းယူပါတယ်။ မြန်မာကအသင်း ချေပဂိုးရဖို့ ဖိအားပေး ကစားပေမယ့် အဆုံးသတ်ပုံ မကောင်းလို့ ဂိုးတွေနဲ့ လွဲခဲ့ရပါတယ်။ ဘိုလီးဗီးယားအတွက် တတိယဂိုးကို တန်ပြန်တိုက်စစ်ကနေ သွင်းယူပါတယ်။ မြန်မာဘက်က ထိုးဖောက် ကန်သွင်းချက်တွေကိုလည်း တဖက်ဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။ မြန်မာလက်ရွေးစင်အသင်းဟာ ပထမ ခြေစမ်းပွဲတုန်းကလည်း အင်ဒိုနီးရှားကို ၃ ဂိုးပြတ်နဲ့ ရှုံးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up