နယ်သာလန်က ဂျာမနီကို ၃ ဂိုးပြတ်အနိုင်ရ(ရုပ်သံ)

1.5K
မနေ့ညက ယှဉ်ပြိုင်သွားတဲ့ Nations League Group (A) ပွဲစဉ်မှာ နယ်သာလန်က နာမည်ကြီး ဂျာမနီကို ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။
အိမ်ကွင်းမှာ ကစားတဲ့ပွဲစဉ်မှာ နယ်သာလန်အတွက် အနိုင်ဂိုးတွေကို လီဗာပူး ကစားသမားတွေဖြစ်တဲ့ ဗန်ဒစ်နဲ့ ၀ီနယ်ဒန်နဲ့ လိုင်ယွန် တိုက်စစ်မှူး ဒီပေတို့က သွင်းယူပါတယ်။
ဂျာမနီအတွက်တော့ မထင်မှတ်ထားတဲ့ ရလဒ် ဖြစ်ခဲ့ပါတယ်။ ဂျာမနီအသင်းဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ အုပ်စုအဆင့်ကနေ ထွက်ထားရသလို နောက်ဆုံးကစားတဲ့ ၁၂ ပွဲမှာ ၃ ပွဲပဲ အနိုင်ရထားပါတယ်။
ဒီပွဲမှာ ဂျာမနီက ဘောလုံးပိုင်ဆိုင်မှု အသာစီးယူ နိုင်ခဲ့ပေမယ့် ထိုးဖောက် ကန်းသွင်းခွင့်ကတော့ အပြန်အလှန် ရခဲ့ပါတယ်။
ဒီပွဲနိုင်တဲ့ နယ်သာလန်က အုပ်စု (အေ)မှာ ၃ မှတ် ရသွားပြီး ဂျာမဏီက ၁ မှတ်နဲ့ အုပ်စု အောက်ဆုံးမှာ ရပ်တည်နေပါတယ်။