နယ်သာလန်ဟာ အဆင့်တူအသင်းဖြစ်ဟု ဂျာမနီနည်းပြပြော

နယ်သာလန်အသင်းဟာ အဆင့်တန်းတူရှိတဲ့ အသင်းဖြစ်တယ်လို့ ဂျာမနီအသင်း နည်းပြ ဂျိုအာချင်းလိုက ပြောပါတယ်။ ဒီနေ့ည ယူအီးအက်ဖ်အေရဲ့ Nation League ပွဲစဉ်တွေ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ဂျာမနီနဲ့ နယ်သာလန်တို့ တွေ့ဆုံနေပါတယ်။ နယ်သာလန်ဟာ အရင်တုန်းက အခြေအနေဆိုးတွေကနေ အခုအချိန်မှာ ရုန်းထွက်နိုင်ခဲ့ပြီလို့လည်း ဂျာမနီနည်းပြက ဆိုပါတယ်။ နယ်သာလန်ဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားနဲ့ ယူရိုပြိုင်ပွဲတွေမှာ ခြေစစ်ပွဲ မအောင်မြင်ခဲ့ပါဘူး။ ဂျာမနီအသင်း တိုက်စစ်မှူး မူလာကလည်း နယ်သာလန် နောက်တန်းကို ထိုးဖောက်ဖို့ ခက်ခဲနိုင်တယ်လို့ ဆိုထားပါတယ်။

//
More News
Up