အမေရိကန် သင်းအုပ်ဆရာ လွှတ်ပေးမှုကို ထရမ့် ကြိုဆို

3K
အမေရိကန် သင်းအုပ်ဆရာကို တူရကီတရားရုံးက လွှတ်ပေးလိုက်တဲ့အပေါ် ကြိုဆိုကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က အောက်တိုဘာ ၁၂ ရက်နေ့မှာ ပြောလိုက်ပါတယ်။
သမ္မတထရမ့်က သင်းအုပ်ဆရာ အန်ဒရူးဘရွန်ဆန်ကို လွှတ်ပေးလိုက်တဲ့အပေါ် ဝမ်းမြောက်ကြောင်းနဲ့ ဘရွန်ဆန်ကလည်း အိမ်ဖြူတော်ကို လာရောက်လိုကြောင်း ပြောခဲ့ပါတယ်။
အဲဒီနောက် သမ္မတထရမ့်က သင်းအုပ်ဆရာ လွတ်မြောက်ရေးအတွက် ဘယ်လို အပေးအယူမှ မလုပ်ခဲ့ဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။
သင်းအုပ်ဆရာ ဘရွန်ဆန်ဟာ ကာ့ဒ်လူမျိုး စစ်သွေးကြွတွေ၊ ၂၀၁၆ အာဏာသိမ်းကြိုးပမ်းမှုအတွက် အပြစ်တင်ခံနေရတဲ့ ဘာသာရေးဆရာ ဖယ်တူလာဂူလန်ကို ထောက်ခံသူတွေနဲ့ အဆက်သွယ်ရှိတယ်ဆိုပြီး စွပ်စွဲခံနေရတာပါ။
ဘရွန်ဆန်ကတော့ အဲဒီစွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီးး အမေရိကန် အစိုးရကလည်း သူ့ကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
အောက်တိုဘာ ၁၂ ရက်နေ့မှာတော့ တူရကီတရားရုံးက သင်းအုပ်ဆရာ ဘရွန်ဆန်ကို ၂ နှစ်ကြာ ထိန်းသိမ်းမှုကနေ လွှတ်မိန့် ချမှတ်ခဲ့ပါတယ်။