A d v e r t i s e m e n t With Us

အိန္ဒိယတွင် မုန်တိုင်းဝင်ရောက်မှုကြောင့် အနည်းဆုံး လူ ၅ ဦးသေ

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အိုဒီဆာပြည်နယ်မှာ အောက်တိုဘာ ၁၁ ရက်နေ့က  ဆိုင်ကလုန်း တစ်တလီဝင်ရောက်ခဲ့လို့ အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် တဲအိမ်တွေ ပျက်စီးပြီး သစ်ပင်တွေ အမြစ်က ကျွတ်ထွက်ခဲ့ပါတယ်။ ဖုန်းလိုင်းတွေနဲ့ ဓာတ်အားလိုင်းတွေ ပြတ်တောက်ခဲ့တာကြောင့်လည်း ထောင်နဲ့ချီတဲ့ ပြည်သူတွေ လျှပ်စစ်မီးမရရှိဘဲ ဖြစ်နေပါတယ်။ ဒါကြောင့်မို့ အောက်တိုဘာ ၁၂ ရက်နေ့မှာတော့ ကယ်ဆယ်ရေးလုပ်သားတွေဟာ မုန်တိုင်းသင့် ပြည်သူတွေကို အစားအစာ၊ ဆေးဝါးနဲ့ ရိက္ခာတွေ ထောက်ပံ့ပေးဖို့ ကြိုးပမ်းနေပါတယ်။ ဆိုင်ကလုန်း  တစ်တလီကြောင့် ဒေသခံ ၃ သိန်းကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ပြီး ပါရာဒစ် ဆိပ်ကမ်းမြို့က လုပ်ငန်းတွေ၊ ရထားနဲ့  လေကြောင်း ခရိးစဉ်တွေကို ခေတ္တရပ်ဆိုင်း ပယ်ဖျက်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့လကလည်း  အိုဒီဆာပြည်နယ်မှာ အားပျော့မုန်တိုင်း ဝင်ရောက်ခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up