Home
မြန်မာသတင်း
အမြင်ပေ ၁၀၀၀ ကျော်တွင် ကောင်းကင်ကြိုးခုန်ပြီး နိုင်ငံသားသစ်ဖြစ်လာသူများ (ရုပ်သံ)
DVB
·
October 12, 2018
ကနေဒါနိုင်ငံမှာ နိုင်ငံသားသစ်ဖြစ်လာမယ့်သူတွေကို တိုရွန်တိုမြို့လယ်ခေါင်မှ အ မြင့်ပေ ၁ ထောင်ကျော်ရှိတဲ့ မျှော်စင်ပေါ်မှ ကောင်းကင်ကြိုး အမြင့်ခုန်စေပြီး အခမ်းအနားနဲ့ ၀င်ရောက်ခွင့်ပြုခဲ့ပါတယ်။ ကနေဒါ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး အာမက်ဒ်ဟူဆန်က နိုင်ငံပေါင်း ၆ နိုင်ငံမှ ၀င် ရောက်လာတဲ့ နိုင်ငံသားသစ် ၆ ဦးကို မြေပြင်ဆီ မဆင်းသက်ခင်မှာ ကျမ်းသစ္စာကျိန်ဆို စေခဲ့တာပါ။ ဒီအခမ်းအနားကို ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး အထပ်ပေါင်း ၁၁၆ ထပ်ပါဝင်တဲ့ အက်ဒ်ဂ်ျဝေါ့လ်ခ်ဟာ ကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံတွေထဲက တခုဖြစ်တဲ့ အမြင့် ၁၈၁၅ ပေရှိတဲ့ စီအဲန်မျှော်စင်မှာတည်ရှိတယ်လို့ ဆိုပါတယ်။ ဒီမျှော်စင်မှာပဲ အရင်ကလည်း ခုလို နိုင်ငံသားသစ်ဖြစ်လာသူတွေကို ကြိုဆိုပွဲတွေ လုပ်လေ့ရှိတယ်လို့ ကနေဒါ လူဝင်မှုကြီးကြပ်ရေ၊ ဒုက္ခသည်များနဲ့ နိုင်ငံသားဖြစ်မှုဆိုင်ရာဌာနက ဆိုပါတယ်။ စုံလင်ကွဲပြားတဲ့ ယဉ်ကျေးမှုစနစ်အရ ကနေဒါနိုင်ငံဟာ ၂၀၁၇ ခုနှစ်မှာ ကမ္ဘာတလွှားက ၀င်ရောက်လာတဲ့ ဒုက္ခသည် ၂ သိန်း ၇ သောင်းကျော်ကို နိုင်ငံသားအဖြစ် လက်ခံခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024