Home
မြန်မာသတင်း
သရက်ခြံဇုန်တွင် စိုက်ပျိုးမှု ရှိမရှိ စစ်ဆေးပြီး စီမံခန့်ခွဲသင့်ဟု နေပြည်တော်ကောင်စီဝင်ပြော
DVB
·
October 12, 2018
ဦးသိန်းစိန်အစိုးရလက်ထက်က သစ်တောကြိုးဝိုင်းပယ်ဖျက်ပြီး ချထားပေးခဲ့တဲ့ နေပြည်တော်အတွင်းက သရက်ခြံဇုန်ကို အကောင်အထည်ဖော်လုပ်ကိုင်မှု ရှိ/မရှိ သေချာစွာ စစ်ဆေးပြီး ပြန်လည်စီမံခန့်ခွဲသင့်တယ်လို့ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းက ပြောပါတယ်။ “သရက်ခြံဇုန်ဆိုတာ ယခင်အစိုးရ သတ်တမ်းအတွင်းမှာ သစ်တောမြေ သစ်တောကြိုးဝိုင်းကြီးရှိပါတယ်။ ပြုန်းတီးပျက်စီးနေတဲ့ သစ်တောကြိုးဝိုင်းတစိတ်တပိုင်းကို စိန်တလုံးသရက်ဇုန်အဖြစ် အဲ့ဒီတုန်းက ကိုင်းကြိုးဝိုင်းနဲ့ ရန်အောင်မြင်ကြိုးဝိုင်း တစိတ်တပိုင်းကို ပယ်ဖျက်ပေးခဲ့ပါတယ်။ ပယ်ဖျက်ပေးပြီးတော့ ဒီဟာက မြေလွတ်မြေရိုင်းဖြစ်သွားပါတယ်။ မြေလွတ်မြေရိုင်းကို တချိန်တခါတုန်းက တာဝန်ရှိတဲ့ အစိုးရအနေနဲ့ စိန်တလုံး သရက်စိုက်ပျိုးမယ့် ပုဂ္ဂိုလ်တွေကို အသုံးချစေခဲ့ပါတယ်” လို့ ဦးတင်ထွန်းက ရှင်းပြခဲ့ပါတယ်။ သရက်ခြံဇုန်အပါအ၀င် မြေလွတ်မြေရိုင်းတွေကို စစ်ဆေးနိုင်မယ့်အဖွဲ့တဖွဲ့ ဖွဲ့စည်းခွင့် ပြုဖို့ကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေက သက်ဆိုင်ရာကို တင်ပြခဲ့ပြီး အခုရက်ပိုင်းအတွင်းကပဲ နေပြည်တော်ကောင်စီက ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။ “အဲ့ဒီမြေတွေကို စစ်ဆေးရာမှာ အရှုပ်အရှင်းတွေ ရှိနိုင်ပေမယ့် မည်ကဲ့သို့ပဲ ဖြစ်နေ မြေယာဆိုတာ စီစစ်လို့ရပါတယ်။ အစိုးရကတော့ ပြဋ္ဌာန်းထားတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ သုံးသပ်တင်ပြမှု ရှိခဲ့ရင် တင်ပြမှုပေါ်မှာ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ စီမံခန့်ခွဲပိုင်ခွင့်ရှိတယ်လို့လည်း ဦးတင်ထွန်းက ရှင်းလင်း ပြောဆိုခဲ့ပါတယ်။ နေပြည်တော်အနီးတ၀ိုက်မှာ သရက်ခြံဇုန် ၂ ခုနှစ်ရှိပြီး ဇုန် ၁ မှာ ဧက ၄၂၀၀ ကျော်နဲ့ ဇုန် ၂ မှာ ဧက ၉၀၀ ကျော်ရှိပြီး ဇုန် ၁ ကိုတော့ လုပ်ငန်းရှင် ၈၈ ဦးက လုပ်ကိုင်နေတာလို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024