Home
မြန်မာသတင်း
မောင်တောတွင် ကျပ်သိန်း ၁၁၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ
DVB
·
October 12, 2018
မောင်တောမြို့နယ်မှာ ကာလတန်ဖိုး သိန်းပေါင်း ၁၁၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေနဲ့အတူ  ဘဂါင်္လီ ၃ ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သဲချောင်းအုပ်စု ကျွန်းတောင်ရွာဟောင်းမှာ ဘင်္ဂါလီလူမျိုး (၄) ဦး ရှိနေကြောင်း သတင်းအရ  အောက်တိုဘာ ၁၀ ရက် နေ့လယ်ပိုင်းက သာယာကုန်းကျေးရွာ နယ်ခြားစောင့်ရဲ ကင်းစခန်း တပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးရာ ၁ ဦး ထွက်ပြေးလွတ်မြောက်သွားပြီး ဘဂါင်္လီလူမျိုး ၃ ဦးကို WY စိတ်ကြွဆေးပြား ၅၈၁၈၅ နဲ့အတူ ဖမ်းဆီးမိခဲ့တာလို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။ ဖမ်းဆီးရမိသူတွေကတော ငါးစားကြူးကျေးရွာမှာ နေထိုင်တဲ့ ဗိုက်တူလာ (၁၉) နှစ်၊ အီစ္စလာန် (၂၀) နှစ်နဲ့ အာယာစ် ၂၀ နှစ်တို့ဖြစ်ကြောင်း သိရပါတယ်။ ဖမ်းဆီးရမိသူ ဘဂါင်္လီ (၃) ဦးအား တောင်ပြိုလက်ယာနယ်ခြားစောင့်ရဲစခန်းမှာ မူးစိတ်ပုဒ်မ-၁၉(က)/၂၁ နဲ့ အမှုဖွင့်အရေးယူထားကြောင်း သိရပါတယ်။ မောင်တောမြို့နယ်အတွင်း ၂၀၁၈ ခု​ ဇန်​န၀ါရီ ၁ ရက်​​နေ့မှ အောက်​တိုဘာ ၁၂ ရက်​​နေ့ထိ မူယစ်​​ဆေးစုစု​ပေါင်း ၁၈၂၆၄၄၀၈ ပြားနဲ့ စိတ်​ကြွ​ဆေးမှုန့်​ ၅၆၇ ဂရမ်​၊ ​ဆေး​ခြောက် ​၃၁၅.၅၉ ဂရမ်​ ဖမ်းဆီးမိခဲ့​ပြီး၊ တရားစွဲဆိုထားတဲ့ အမှုပေါင်း ၁၀၀ နဲ့ ဖမ်းဆီးအ​ရေးယူထားတဲ့ တရာခံစုစု​ပေါင်း ကျား ၁၁၁ ဦး၊ မ ၂၃ ဦး၊ စုစု​ပေါင်း ၁၂၄ ဦးရှိ​ကြောင်း မောင်တောခရိုင်မူးယစ်အထူးတပ်ဖွဲ့စု ၄၆ မှ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024