Home
မြန်မာသတင်း
တောင်တွင်းကြီးဆေးရုံကိစ္စ တန်ပြန်ဆန္ဒပြ
DVB
·
October 12, 2018
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့မှာ ​ဆေးရုံကိစ္စနဲ့ ပတ်သက်ပြီး  အမှန်တရား ပေါ်ပေါက်ရေးအတွက် ဒီကနေ့မနက် ဒေသခံပြည်သူ ၂၀၀ လောက်က တန်ပြန်ဆန္ဒပြ ခဲ့ကြပါတယ်။ တောင်တွင်းကြီးမြို့မှာ ပြည်သူ့ဆေးရုံအုပ်နဲ့ ဆေးရုံဝန်ထမ်းတွေဟာ ဆင်းရဲနွမ်းပါး​တဲ့ အ​ခြေခံလူတန်းစား ပြည်​သူတွေအတွက်​ကျန်းမာ​ရေး​စောင့်​​ရှောက်​မှု​ ကောင်းကောင်းမပေးခဲ့ဘူး ဆိုပြီး   ပြီးခဲ့တဲ့ အောက်တိုဘာ၁၀ ရက်နေ့က ဒေသခံ တချို့က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်​။ အဲဒီဆန္ဒပြပွဲဟာ  မြို့နယ် ဆရာဝန်ကြီးရဲ့ ဂုဏ်သိက္ခာကျဆင်းအောင် တဖက်သတ် လုပ်ဆောင်ခဲ့တာ ဆိုပြီး မကျေနပ်တဲ့ ဒေသခံတွေက ဒီကနေ့ တန်ပြန်ဆန္ဒပြပွဲပြုလုပ်ခဲ့တာပါ။ ဒီကနေ့ ဆန္ဒပြပွဲကို ဦးဆောင်သူ ရွှေအို ၁ ရပ်ကွက်နေ ဦးစိုးမင်းက “ လွန်ခဲ့တဲ့ အောက်တိုဘာလ၁၀ ရက်နေ့က တဘက်သတ် ဆန္ဒပြသွားတယ်။ ဝန်ထမ်းစည်းကမ်းလည်း နားမလည်၊ ကျန်းမာရေး ဗဟုသုတလည်း မရှိဘဲနဲ့ တဖက်သတ်ဆန္ဒပြသွားတယ်။ လူ ၅၀ နဲ့ ဦးကျော်မိုး ဦးဆောင်ပြီး ဆန္ဒပြသွားတယ်။ အဲဒါကို တန်ပြန်ပြီး ဆန္ဒပြတာ မဟုတ်မမှန် ဆိုတဲ့အကြောင်းကို”လို့ ပြောပါတယ်​။ ဒီကနေ့ တန်ပြန်ဆန္ဒဖော်ပွဲထုတ်ပွဲမှာ မြို့နယ် ဆရာဝန်ကြီးအား ဂုဏ်သိက္ခာကျဆင်းအောင် ပြုလုပ်နေတာကို ရပ်တန့်ဖို့၊  အမှန်တရားကို ဖုံးကွယ်ပြီး လူထုပို လှည့်စားနေမှု ချက်ခြင်းရပ်ဖို့၊ ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်း စည်းကမ်း သေချာမသိဘဲ တဖက်သတ် စွတ်စွဲနေမှု ရပ်တန့်ဖို့နဲ့ မြို့နေလူထုရဲ့ ကျန်းမာရေး စောင့်ရှောက်မှု မထိခိုက်စေဖို့တို့ကို ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသမားတွေဟာ ဗိုလ်ချုပ်ပန်းခြံကနေစတင်ပြီး တောင်တွင်းကြီး မြို့တွင်း လမ်းမတွေမှာ ငြိမ်းချမ်းစွာစီတန်းလှည့်လည်  ကြွေးကြော် ဆန္ဒဖော်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ကိုလင်း(​ချောက်​)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024