A d v e r t i s e m e n t With Us

အင်ဒိုနီးရှား ငလျင်နှင့်ဆူနာမီကြောင့် သေဆုံးသူ ၂၀၇၃ ဦး ရှိပြီ

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းမှာ ပြင်းအား ၇ ဒသမ ၅ ရှိတဲ့ ငလျင်နဲ့ ဆူနာမီကြောင့် သေဆုံးသူ အရေအတွက် ၂၀၇၃ ဦး ရှိပြီလို့ သိရပါတယ်။ ပျောက်ဆုံးနေသူတွေရဲ့ ဆွေမျိုးသားချင်းတွေ မေတ္တာရပ်ခံချက်ကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းအတွက် ၁ ရက် ထပ်တိုးထားတယ်လို့ အမျိုးသားကပ်ဘေး လျော့ပါးသက်သာရေး အေဂျင်စီက အောက်တိုဘာ ၁၁ ရက်နေ့မှာ ပြောပါတယ်။ အောက်တိုဘာ ၁၂ ရက်နေ့ ညနေပိုင်းအထိ ရှာဖွေရေးလုပ်ဆောင်သွားမယ်လို့ ပြောခွင့်ရပုဂ္ဂိုလ် ဆူတိုပို နူဂရိုဟိုက ပြောပါတယ်။ ပါလူမြို့က အပျက်အစီးတွေထဲမှာ အခုထိ လူဘယ်လောက်ရှိနိုင်တယ်ဆိုတာ အတိအကျ မပြောနိုင်သေးပေမယ့် ၅၀၀၀ လောက် ရှိနိုင်တယ်လို့ ကပ်ဘေးလျော့ပါးရေးအေ၈ျင်စီက ပြောပါတယ်။ ရောဂါကူးစက်ပျံ့နှံ့မှာကို စိုးရိမ်ရလို့ အလောင်းရှာဖွေရေးတွေကို ရပ်နားလိုက်ဖို့ လိုနေပြီး နောက်တဆင့် ပြန်လည်တည်ဆောက်ရေးကို စတင်အာရုံစိုက်ဖို့ အစိုးရက ပြောပါတယ်။ လူပေါင်း ၈ သောင်း ၈ ထောင်နီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး အများစုကတော့ ပါလူမြို့တဝိုက်က တောင်ကုန်းတွေပေါ်မှာ ဖြစ်သလို တဲထိုးနေကြပါတယ်။ အစိုးရက ယာယီတဲ အလုံး ၁ သောင်း ရှာဖွေနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up