စပိန် မာလိုကာကျွန်း ရေကြီးမှု ၁၀ ဦးသေဆုံး၊ ၃ ဦးပျောက်ဆုံးနေ

2K
စပိန်နိုင်ငံက ကမ္ဘာလှည့်ခရီးသည်တွေ လည်ပတ်မှုများတဲ့ မာလိုကာကျွန်းမှာ အောက်တိုဘာ ၉ ရက်နေ့က မိုးကြီးရေလျှံဖြစ်လို့ အနည်းဆုံး လူ ၁၀ ယောက် သေဆုံးသွားပြီး သေဆုံးသူတွေထဲမှာ ဗြိတိန်လူမျိုး ၂ ယောက် ပါဝင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ကလေးတယောက်နဲ့ ဂျာမန်လူမျိုး ၂ ယောက်လည်း ပျောက်ဆုံးနေတယ်လို့ ကျွန်းပေါ်ရှိ ဒေသမီဒီယာက ပြောပါတယ်။ အခုတော့ စစ်ဘက်အရေးပေါ်တပ်ဖွဲ့က ရှင်းလင်းရေး ဆောင်ရွက်နေပြီလို့ ဆိုပါတယ်။
မာလိုကာကျွန်းသား ကမ္ဘာကျော် စပိန်တင်းနစ်ကစားသမား ရာဖယ် နာဒလ်လည်း ကျွန်းသန့်ရှင်းရေးမှာ ဝင်ပြီး လုပ်အားပေးနေပါတယ်။
အောက်တိုဘာ ၉ ရက်နေ့ ညနေပိုင်းကတော့ အရှေ့ဖက် စန့်ထ်လိုရန့်မြို့ရဲ့ မြစ်ကမ်းပါးတွေ ပြိုပြီး အိမ်တွေလည်း ရွှံ့ဖုံးကုန်လို့ လူတွေကို မာနာကော်မြို့က အားကစားဌာနကို ရွှေ့ပြောင်းပေးထားပါတယ်။
နာဒယ်ဟာ ရေဘေးသင့်သူတွေ ခိုလှုံဖို့အတွက် မာနာကော်မြို့က သူ့ရဲ့ တင်းနစ် သင်တန်းကျောင်းကို ဖွင့်ပေးထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။