Home
မြန်မာသတင်း
မန္တလေး-ပြင်ဦးလွင်လမ်းပိုင်း ပြေးဆွဲနေသည့် ယာဉ်စီးခနှုန်း တိုးမြှင့်မည့်သတင်း မမှန်ဟုဆို
DVB
·
October 11, 2018
လူမှုကွန်ရက် စာမျက်နှာမှာ ပျံ့နှံ့နေတဲ့ မန္တလေး-ပြင်ဦးလွင်လမ်းပိုင်း ပြေးဆွဲနေတဲ့ ယာဉ်စီးခနှုန်းထားတွေ အောက်တိုဘာ ၁၂ ရက်ကစပြီး တိုးမြှင့်မယ်ဆိုတဲ့ သတင်းဟာ မှန်ကန်မှုမရှိဘူးလို့ တာဝန်ရှိသူတွေကပြောပါတယ်။ လူမှုကွန်ရက်စာမျက်နှာမှာ ပြင်ဦးလွင်-မန္တလေး ခရီးစဉ် ပြေးဆွဲနေတဲ့ ယာဉ်ငယ်အသင်းအားလုံး ယာဉ်စီးခနှုန်းတွေကို ဒီလ ၁၂ ရက်ကစပြီး ရှေ့ခန်ကို ကျပ် ၆ဝဝဝ နဲ့ နောက်ခန်းကို ကျပ် ၅ဝဝဝ ပြောင်းလဲ ပြေးဆွဲမှာဖြစ်ပြီး ဆီဈေးနှုန်း တစ်လီတာ ၈ဝဝ ကျပ် ပြန်ဖြစ်ခဲ့ရင် အရင်ဈေးနှုန်းအတိုင်း ပြန်လည်ပြေးဆွဲမယ်လို့ ရေးသားဖော်ပြထားတဲ့ စာသားပါ ဗီနိုင်း ပျံ့နှံခဲ့တာပါ။ အခုလို မှန်ကန်မှု မရှိတဲ့ သတင်းပျံ့နှံမှုကို ခရီးသွားပြည်သူတွေကြား အထင်အမြင် လွဲမှားမှု မဖြစ်စေဖို့ မန္တလေးတိုင်း ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီအသင်းရဲ့ လူမှုကွန်ရက်စာတွေမှာ မူလဈေးနှုန်းအတိုင်းသာ ပြေးဆွဲလျက်ရှိတယ်လို့ ဖော်ပြထားခဲ့တယ်လို့ အသင်းဥက္ကဋ္ဌ ဦးအောင်ကျော်လင်းက ပြောပါတယ်။ မန္တလေး-ပြင်ဦးလွင် ခရီးစဉ်ကို အမြန်ယာဉ်ငယ်အသင်း (၃ဝ) ကျော်က နေ့စဉ် ယာဉ်အစီးရေ ၂ဝဝ ကနေ ၃ဝဝ ကြား ပြေးဆွဲပေးနေပါတယ်။ လက်ရှိ ယာဉ်စီးခနှုန်းထားတွေက ယာဉ်မောင်းဘေး ရှေ့ခန်း ထိုင်ခုံကို ၅ဝဝဝ ကျပ်၊ နောက်ခန်းထိုင်ခုံ တဦးကို ၄၅ဝဝ ကျပ်၊ ခရီးသည် ၄ ဦး လိုက်ပါနိုင်တဲ့ စင်းလုံးငှားခကို ၁၈၅ဝဝ ကျပ်နဲ့ ပြေးဆွဲပေးနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024