Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
October 11, 2018
မတ်ပဲ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲကတော့ ပိဿာ ၆ဝ ဝင် တအိတ်ကို ၅၅၈၅ဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၃၅ဝ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ် ကို ၅ဝဝဝဝ ကနေ ၅၇ဝဝဝ ပေါက်ဈေရှိပြီး မနေ့ကဈေးအတိုင်း ပြောင်းလဲမှုမရှိပါဘူး။ ရန်ကုန်နဲ့မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၁၁၅ဝ ကျပ်ဈေးကွာခြားမှုရှိပါတယ်။   ပဲစင်းငုံနီ မန္တလေးပွဲစား ကုန်သည်စက်ပိုင်အသင်းမှာတော့ ပဲစင်းငုံနီ အသစ်က ပိဿာ ၆ဝ ဝင် တအိတ်ကို ၄ဝဝဝဝ ကနေ ၄၄ဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၁ဝဝဝ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၄၃၈ဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၂ဝဝ ကျပ်ဈေးကျဆင်းသွားပါတယ်။ မန္တလေး နဲ့ပခုက္ကူ ကုန်စည်ဒိုင် တအိတ်ကို ၂ဝဝ ကျပ်ဈေးကွာခြားမှုရှိပါတယ်။   ကုလားပဲ v2 မန္တလေးပွဲစား ကုန်သည်စက်ပိုင်အသင်းမှာတော့ ကုလားပဲ v2 က ၅၇.၂၅ ပိဿာဝင် တအိတ်ကို ၇၅ဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၁ဝဝဝ ကျပ်ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၇၃၅ဝဝ  ပေါက်ဈေးရှိပြီး တအိတ်ကို ၁၂ဝဝ ကျပ်ဈေးတက်လာပါတယ်။ မန္တလေး နဲ့ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၁၅ဝဝ ကျပ်ဈေးကွာခြားမှုရှိပါတယ်။   နှမ်းနက်(စမုံ) မန္တလေးပွဲစား ကုန်သည်စက်ပိုင်အသင်းမှာတော့ နှမ်းနက်(စမုံ)က ၄၅ ပိဿာဝင် တအိတ်ကို ၂၁ဝဝဝဝ ကနေ ၂၄၈ဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၁ဝဝဝ ကျပ်ဈေးတက်လာပါတယ်။ အောင်လံ ကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၂၃၅ဝဝဝ ကနေ ၂၃၈ဝဝဝ  ပေါက်ဈေးရှိပြီး တအိတ်ကို ၃ဝဝဝ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးနဲ့ အောင်လံ ကုန်စည်ဒိုင် တအိတ်ကို ၁ဝဝဝဝ ကျပ်ဈေးကွာခြားမှုရှိပါတယ်။   ပန်းနှမ်း မန္တလေးကုန်စည်ဒိုင်မှာ ပန်းနှမ်း က တအိတ်ကို ၅၅ဝဝဝ မှ ၅၅၅ဝဝ  ပေါက်ဈေးရှိပြီး တအိတ်ကို ၅ဝဝ ကျပ်ဈေးတက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၅၂၅ဝဝ  ပေါက်ဈေးရှိပြီး မနေ့ကဈေးအတိုင်း ပြောင်းလဲမှုမရှိပါဘူး။ မန္တလေး နဲ့မုံရွာ ကုန်စည်ဒိုင် တအိတ်ကို ၃ဝဝဝ ကျပ်ဈေးကွာခြားမှုရှိပါတယ်။   စားအုန်းဆီ မန္တလေးပွဲစား ကုန်သည်စက်ပိုင်အသင်းမှာတော့ စားအုန်းဆီက တစ်ပိဿာကို ၁၇၉ဝ ကျပ်ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂ဝ ကျပ်ဈေးတက်လာပါတယ်။ မကွေး ကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၁၈ဝဝ ကနေ ၁၈၁ဝ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃ဝ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးနဲ့မကွေး ကုန်စည်ဒိုင် တစ်ပိဿာကို ၂ဝ ကျပ်ဈေးကွာခြား မှုရှိပါတယ်။   ဖော်ပြထားတဲ့  သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။ သတင်း – AMIA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024