မော်စကို ကဖေးဆိုင်တွင်း ဆူပူရမ်းကားမှုကြောင့် ရုရှားဘောလုံးသမားများကို တရားစွဲ

မော်စကိုက ကဖေးဆိုင်တခုမှာ စကားများ ငြင်းခုံရင်းကနေ ထိုင်ခုံဆွဲပြီး လူကို ရိုက်နှက်ခဲ့ကြတဲ့ ရုရှားဘောလုံးသမားတွေကို ဆူပူရမ်းကားမှုနဲ့ တရားစွဲထားတယ်လို့ ရဲတပ်ဖွဲ့က အောက်တိုဘာလ ၁၀ ရက်နေ့က ပြောပါတယ်။ အောက်တိုဘာ ၈ ရက်နေ့မှာ ဇဲနစ် စိန့်ပီတာစ်ဘာ့ဂ်အသင်းက ရှေ့တန်းလူ ကိုကိုရင်နဲ့ ခရာစ်နိုဒါအသင်း အလယ်လူ မာမဲ့ဗ်တို့ဟာ ကဖေးဆိုင်ထဲမှာ စက်မှုလုပ်ငန်းနဲ့ ကုန်သွယ်ရေး ဝန်ကြီးဌာနမှ အရာရှိ ဒန်းနစ်ပက်ခ်ကို ထိုင်ခုံနဲ့ ရိုက်ခဲ့လို့ သူတို့ကို အောက်တိုဘာလ ၉  ရက် နေ့က ဖမ်းဆီးခဲ့ပါတယ်။ ကိုကိုရင်နဲ့ မာမဲ့ဗ်တို့ကို သူတို့ရဲ့ ဘောလုံးကလပ်တွေကလည်း အသီးသီး အရေးယူ ထားပါတယ်။ ဒီဖြစ်ရပ်ကို ဆိုင်ရဲ့လုံခြုံရေးကင်မရာကနေ ထင်ထင်ရှားရှား ဖမ်းယူရရှိထားပြီး သူတို့တွေကို ရုရှားပြည်ထဲရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးနေပါတယ်။ အောက်တိုဘာ ၁၀ ရက်နေ့ ညနေပိုင်းမှာတော့ သူတို့အမှုကို သက်သေခံယူဖို့ ရဲတွေက ခေါ်ထုတ်လာပါတယ်။ ရုရှား ပရီးမီးယာလိဂ်ကတော့ သူတို့ရဲ့ ပရမ်းပတာ အပြုအမူအတွက် ရမ်းကား သောင်းကျန်းသူတွေလို့ ရှုတ်ချ ခေါ်ဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up