A d v e r t i s e m e n t With Us

အင်ဒိုနီးရှား မြေငလျင်နှင့်ဆူနာမီကြောင့် သေဆုံးသူ ၂၀၁၀ ရှိပြီ

အင်ဒိုနီးရှားမြေငလျင်နဲ့ ဆူနာမီကြောင့် သေဆုံးသူဦးရေဟာ  ၂,၀၁၀ အထိ မြင့်တက်လာတယ်လို့ အမျိုးသားကပ်ဘေး လျှော့ချရေး အေဂျင်စီက အောက်တိုဘာ ၉ ရက်နေ့မှာ ပြောပါတယ်။ ရှာဖွေကယ်ဆယ်ရေး နောက်ဆုံးသတ်မှတ်ချိန် မတိုင်မီ ကယ်ဆယ်ရေးဝန်ထမ်းတွေဟာ သေဆုံးသူတွေကို အရှိန်မြှင့် ရှာဖွေနေပါတယ်။ လူ ၅ ထောင်ဝန်းကျင်ဟာလည်း ပျောက်ဆုံးနေပြီး ရွှံနွံတွေကြားထဲ နစ်မြုပ်နေတယ်လို့ ယုံကြည်ရပါတယ်။ ကယ်ဆယ်ရေးဝန်ထမ်း ၁ သောင်းကျော်ဟာ ပါလူမြို့တောင်ပိုင်း နေရာ ၃ ခုက အပျက်စီးတွေကြားထဲ ရှာဖွေရေးလုပ်ဆောင်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up