Home
မြန်မာသတင်း
ဆိုင်ကယ်တွန်းလာသူကို စစ်ဆေးရာမှ အဖွဲ့လိုက်ဆိုယ်ကယ်ခိုးမှု ပေါ်ပေါက်
DVB
·
October 9, 2018
ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်၊ တိုက်ကြီးမြို့မှာ အောက်တိုဘာ ၈ ရက်နေ့ မနက်ပိုင်းမှာ တိုက်ကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်တွေ လှည့်ကင်းဆောင်ရွက်နေချိန် ဆိုင်ကယ်တွန်းလာသူကို မသင်္ကာတာကြောင့် စစ်ဆေးရာမှ အဖွဲ့လိုက်ဆိုင်ကယ်ခိုးယူမှု ပေါ်ပေါက်ခဲ့ပါတယ်။ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်မင်းအောင်နဲ့ တပ်ဖွဲ့ဝင်တွေ မနေ့မနက်အစောပိုင်းက ရန်ကုန်-ပြည်လမ်း မြို့နယ်လျှပ်စစ်ရုံးရှေ့မှာ အခုလို ဖမ်းမိခဲ့တာလို့ တိုက်ကြီးမြို့မရဲစခန်းက စခန်းမှူး ရဲအုပ်ထွန်းလင်းဇော်ကပြောပါတယ်။ ဆိုင်ကယ်တွန်းလာသူ အဲမောင် (ခ) နေလင်းအောင်ဆိုသူကို မသင်္ကာတဲ့အတွက် စစ်ဆေးရာ တိုက်ကြီးမြို့နဲ့ ဥက္ကံမြို့မှ ဆက်စပ်တရားခံတွေကိုလည်း ဖော်ထုက်ဖမ်းဆီးခဲ့ တယ်လို့ ဆိုပါတယ်။ တိုက်ကြီးမြို့ ရှမ်းစုရပ်ကွက် သုခမြိုင် (၃) လမ်းနေ အဲမောင်(ခ)နေလင်းအောင် သုခမြိုင် (၅) လမ်းနေ ဝင်းထွဋ်အောင်(ခ) တာတီးနဲ့ ဥက္ကံမြို့ ပန်တော်အိုင်ကျေးရွာနေ လင်းအောင်နဲ့ ဒေါင်းမလေး (ခ) မြင့်မြင့်စန်း ဥက္ကံရွာမနေ မအိသန္တာစိုးတို့ကို (ပ)၉၂၅/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ-၃၈၀/၅၄ ခိုးမှု၊ မသင်္ကာမှုနဲ့ အရေးယူဆောင်ရွက်ထားပြီး နောက်ထပ်စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ သတင်း - မေသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024