Live
Home
မြန်မာသတင်း
ရန်ကုန်မြို့တွင်း ၆ မြို့နယ်တွင် နိုဝင်ဘာ ၁ ရက်နေ့ ကားပါကင်ကြေး စကောက်မည်
အာကာ
·
October 9, 2018
ရန်ကုန်မြို့တွင်း ၆ မြို့နယ် အမည်တပ်လမ်းတွေမှာ ကားပါကင်ကြေးတွေကို နိုဝင်ဘာ ၁ ရက်နေ့ စတင်ကောက်ခံသွားမယ်လို့ ရန်ကုန်မြို့တော်ဝန်က ပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ကျောက်တံတားမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာရဲ့ ကားပါကင်ကောက်ခံမယ့်ကိစ္စကို ဘယ်လို ဆောင်ရွက်ထားလဲ မေးမြန်းမှုကို အခုလို ပြန်လည်ဖြေကြားသွားတာပါ။ ကားပါကင်ကြေးကောက်ခံမယ့် ကုမ္ပဏီတွေကို တာဝန်ယူမှုတာဝန်ခံမှုရှိအောင် ဆောင်ရွက်ဖို့နဲ့ ကားပါကင်ကြေးကောက်ခံမယ့် မြို့နယ်တွေက ယာဉ်ပိုင်ရှင်တွေကို နည်းလမ်း တခုခုနဲ့ ထည့်သွင်းစဉ်းစားပေးဖို့  ဒေါ်ကြည်ပြာက ဆွေးနွေးပါတယ်။ မြို့နယ် ၆ ခုက အမည်တပ်လမ်းတွေမှာ ကားပါကင်ကြေးတွေကို နိုဝင်ဘာ ၁ ရက်နေ့မှာ စတင်ကောက်ခံသွားမယ်လို့ ရန်ကုန်မြို့တော်ဝန်က ပြောပါတယ်။ လက်ရှိမှာ ကားပါကင်ကြေးကောက်ခံမယ့် လုပ်ငန်းရှင်တွေကို တင်ဒါခေါ်ယူနေပါတယ်။ ကားပါကင်ကြေးတွေကိုတော့ ၁ နာရီ ၂၀၀ ကျပ်နဲ့ မနက် ၈ နာရီကနေ ညနေ ၆ နာရီအတွင်း ကောက်ခံမယ်လို့ ဆိုပါတယ်။ ရန်ကုန်မြို့တွင်းမှာ ကားပါကင်ကြေးကောက်ခံတာတွေကို အရင်အစိုးရ သက်တမ်း ကုန်ခါနီးမှာ ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024