Home
မြန်မာသတင်း
လုံခြုံရေးအရ ပိတ်ထားသည့် ရန်ကုန် ဗြိတိန်သံရုံးဘေး ၃၉ လမ်း ပြန်ဖွင့်
DVB
·
October 9, 2018
လုံခြုံရေးအကြောင်းပြချက်နဲ့ ပိတ်ထားတဲ့ ရန်ကုန်မြို့ ဗြိတိန်သံရုံးဘေး ၃၉ လမ်းကို ပြန်ဖွင့်လိုက်ပြီလို့ ရန်ကုန်မြို့တော်ဝန်က ဆိုပါတယ်။ ကုန်သည်လမ်းနဲ့ ကမ်းနားလမ်းကြားကို ဒီနေ့ ပြန်ဖွင့်လိုက်တာလို့ မြို့တော်ဝန် ဦးမောင်မောင်စိုးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ကြေညာထားပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ 9/11 ဖြစ်ရပ်ဖြစ်ပွားပြီးနောက် ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့က စပြီး အဲဒီလမ်းကို အရံအတားတွေလုပ်ပြီး ပိတ်ထားခဲ့တာပါ။ ယာဉ်ကြောပိတ်ဆို့တာတွေ လျော့ဖို့အတွက်ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးရုံးက တာဝန်ရှိ သူတွေ၊ ဗြိတိသျှသံရုံးက ဒု သံအမတ်ကြီးနဲ့ တာဝန်ခံတွေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး ၂ လွှတ်တော်ကိုယ်စားလှယ်၊ ကျောက်တံတားမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့တာဝန်ခံတွေ တက်ရောက် ဖွင့်လှစ်ခဲ့တယ်လို့ ဆိုပါတယ်။ လမ်း ၄၀ အောက်ဘလောက်ကိုလည်း မကြာမီပြန်ဖွင့်ဖို့ ဆောင်ရွက်သွားမယ်လို့ မြို့တော်ဝန်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024