နယူးကာဆယ်နှင့်ပွဲအပြီး ဆဲဆိုခဲ့သည့် မော်ရင်ဟိုကို အက်ဖ်အေက စစ်ဆေးမည်

နယူးကာဆယ်အသင်းနဲ့ပွဲအပြီးမှာ ဆဲဆိုမှု ပြုလုပ်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နည်းပြ မော်ရင်ဟိုကို အင်္ဂလန်အက်ဖ်အေက စုံစမ်းစစ်ဆေးသွားဖို့ ရှိနေပါတယ်။ မန်ယူအသင်းဟာ  နယူးကာဆယ်အသင်းနဲ့ပွဲမှာ ၂ ဂိုး အရင်ပေးခဲ့ရပေမယ့် ၃ ဂိုးပြန်သွင်းပြီး နိုင်ပွဲရခဲ့တာပါ။ နည်းပြမော်ရင်ဟိုဟာ ပွဲအပြီး အ၀တ်လဲခန်းသွားရာ ကွင်းဘေးတလျှောက်မှာ ဘီတီ စပေါ့ရုပ်သံကင်မရာကို ကြည့်ပြီး ပေါ်တူဂီဘာသာစကားနဲ့ ဆဲဆိုခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် လက်သန်းထောင်ပြခဲ့တာလည်း ရှိခဲ့တာကြောင့် သူ့ရဲ့အပြုအမူတွေနဲ့ပတ်သက် ပြီး ဘာသာစကားကျွမ်းကျင်သူရဲ့ အကူအညီနဲ့ အက်ဖ်အေက စုံစမ်းစစ်ဆေးပြီး အရေးယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ မန်ယူတိုက်စစ်မှူးဟောင်း ၀ိန်းရွန်နီဟာလည်း ၂၀၁၁ ခုနှစ်က ၀က်စ်ဟမ်းအသင်းကို ဟက်ထရစ် ၃ ဂိုးသွင်းအပြီးမှာ ကင်မရာကို ကြည့်ပြီး ဆဲဆိုခဲ့လို့ ၂ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရဖူးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up