မောင်တောတွင် ကျပ်သန်းပေါင်း ၂၃၄၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ
DVB
·
October 9, 2018
ရခိုင်ပြည်နယ် မောင်တောမြို့မှာ ကျပ်သန်းပေါင်း ၂၃၄၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၁၁ သိန်းကျော်ကို အောက်တိုဘာ ၈ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးရမိခဲ့ပါတယ်။
မောင်တောမြို့မှာ မြို့ဦး ကျေးရွာအုပ်စု လက်သာကျေးရွာနေ ရော်ဖီး (၂၅ နှစ်) ရဲ့ နေအိမ်ကို အောက်တိုဘာ ၈ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်မှာ မူးယစ်ဆေးသတင်းအရ မူးယစ်တပ်ဖွဲ့နဲ့အတူ မောင်တောခရိုင် ရဲတပ်ဖွဲ့မှူးကိုယ်တိုင်ဦးစီးပြီး နေအိမ်ကို သွားရောက် ရှာဖွေရာ အဝါရောင် ဆာလာအိမ် ၆ အိပ်နဲ့ ထုတ်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးတွေ ဖမ်းဆီး ရမိခဲ့ကြောင်း မောင်တောခရိုင် မူးယစ်အထူးတပ်ဖွဲ့စု (၄၆) မှ သိရပါတယ်။
ဆာလာအိပ်အတွင်းမှာ စိတ်ကြွရူးသွပ်ဆေး wy ဆေး ၉၇၅၀ ပြားပါ အထုတ်ပေါင်း ၁၂၀ ထုတ် စုစုပေါင်းဆေးပြား ၁,၁၇၀,၀၀၀ (ဆယ်တစ်သိန်းခုနှစ်သောင်း) ကျပ်သန်းပေါင်း ၂၃၄၀ တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ တွေ့ရှိခဲ့ပါတယ်။
ထွက်ပြေးရှောင်တိမ်းနေတဲ့ နေအိမ်ပိုင်ရှင်ကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဗညား