GB ကားမောင်းပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံ ဆီဘက်ရှန် အိုဂျီ ဗိုလ်စွဲ

2.1K
ဗြိတိန်နိုင်ငံ ဝေလနယ်မှာ ပြုလုပ်တဲ့ GB ကားမောင်းပြိုင်ပွဲမှာ အောက်တိုဘာ ၇ ရက်နေ့က ကမ္ဘာ့ချန်ပီယံ ဆီဘက်ရှန် အိုဂျီက ဗိုလ်စွဲခဲ့ပါတယ်။
အိုဂျီဟာ ပြိုင်ပွဲမှာ ဦးဆောင်နေတဲ့ သီယာရီ-နူဗဲလ် နဲ့ အမှတ်ကွာခြားချက် ၇ မှတ်ကို အမီလိုက်ပြီး အနိုင်ရခဲ့တာပါ။
ပြင်သစ်ကားမောင်းသမား အိုဂျီဟာ မနက်ခင်းပြိုင်ပွဲမှာ ဦးဆောင်ခဲ့တဲ့ ယာရီ မာသီ ယက်ဗာလာနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ပြီးနောက် ပန်းဝင်ခဲ့တာဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံအတွင်း ၅ ကြိမ်ဗိုလ်စွဲခဲ့တဲ့ အိုဂျီဟာ လန်ဒစ်နိုပင်လယ်ကမ်းခြေမြို့လေးမှာ ပြိုင်ဘက်တွေထက် ၁၀.၆ စက္ကန့်အသာနဲ့ ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။
ဗြိတိန်ကို မရောက်ခင် ၃ ပွဲဆက်တိုက် အနိုင်ရထားပြီး သီယာရီ နူဗဲလ် နဲ့ အနီးဆုံး ပြိုင်ဘက်ဖြစ်တဲ့ အုတ်တာနာကတော့ ပန်းဝင်တဲ့ ထိပ်တန်း ၁၀ စီးမှာ မပါဝင်ခဲ့ဘူးလို့ ရိုက်တာသတင်းအရ သိရပါတယ်။