A d v e r t i s e m e n t With Us

အောက်တိုဘာ ၁၀ ရက်နေ့ မြန်မာနှင့် အင်ဒိုနီးရှား ခြေစမ်းပွဲ ကစားမည်

အင်ဒိုနီးရှားအသင်းနဲ့ မြန်မာအသင်းတို့ဟာ အောက်တိုဘာ ၁၀ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီ အင်ဒိုနီးရှားနိုင်ငံ Wibawa Mukti ကွင်းမှာ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ မြန်မာလက်ရွေးစင်အသင်းဟာ အင်ဒိုနီးရှား လက်ရွေးစင် အသင်းနှင့် ခြေစမ်းပွဲ ကစားဖို့ အောက်တိုဘာ ၈ ရက်နေ့ မနက်ပိုင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အင်ဒိုနီးရှား နိုင်ငံကို ထွက်ခွာသွားတယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ မြန်မာလက်ရွေးစင်အသင်းဟာ အင်ဒိုနီးရှားနဲ့ ခြေစမ်းပွဲအတွက် ကစားသမားအယောက် ၂၀ ကို ခေါ်ဆောင်သွားပြီး ကျန်ခဲ့တဲ့ ကစားသမားတွေကတော့ ဘိုလီးဗီးယားနဲ့ ခြေစမ်းပွဲမှာ အသင်းနဲ့ ပြန်လည် ပူးပေါင်းကြမှာဖြစ်ပါတယ်။ မြန်မာလက်ရွေးစင် အသင်းဟာ အင်ဒိုနီးရှားနဲ့ပွဲပြီးနောက် အောက်တိုဘာ ၁၁ ရက်နေ့ မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာပြီး အောက်တိုဘာ ၁၃ ရက် ဘိုလီးဗီးယားနဲ့ ခြေစမ်းပွဲ ကစားမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up