ဗဟိုအမေရိကနိုင်ငံများတွင် မိုးကြီးမြေပြိုမှုကြောင့် ၁၂ ဦး သေဆုံး

ဗဟိုအမေရိကနိုင်ငံတွေမှာ မိုးကြီးပြီး ရေကြီး မြေပြိုမှုတွေ ဖြစ်နေတာကြောင့် ရက်အနည်းငယ်အတွင်း လူ ၁၂ ဦး သေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေးနဲ့ အရေးပေါ် ကူညီရေး အာဏာပိုင်တွေက အောက်တိုဘာ ၇ ရက်နေ့မှာ ပြောပါတယ်။ ဂွါတီမာလာ၊ ဟွန်ဒူးရပ့်စ်၊ အယ်ဗာဗေဒို၊ နီကာရာဂွါနဲ့  ကော်စတာရီကာ နိုင်ငံတွေမှာ အောက်တိုဘာ ၄ ရက်နေ့ကစပြီး မိုးကြီးခဲ့တာကြောင့် ဟွန်ဒူးရပ်စ်မှာ လူ ၆  ဦး သေဆုံးပြီး ၇,၀၀၀ ကျော် အိုးအိမ်စွန့်ခွာခဲ့ရပါတယ်။ နီကာရာဂွါနိုင်ငံမှာတော့ လူ ၃ ဦး သေဆုံးပြီး ၂၃,၀၀၀ ကျော် ဘေးဒဏ်ခံခဲ့ရပါတယ်။ မိုးကြီးတာကြောင့် နေအိမ်တွေနဲ့ သီးနှံတွေ ပျက်စီးပြီး ထောင်နဲ့ချီတဲ့လူတွေ  အိုးအိမ်စွန့်ခွာကာ ယာယီစခန်းတွေမှာ နေထိုင်နေရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up