အွန်နရီကို အက်စတွန်ဗီလာက နည်းပြချုပ်အဖြစ် ခန့်အပ်ရန် ပြင်ဆင်

အာဆင်နယ်ကစားသမားဟောင်း အွန်နရီကို အက်စတွန်ဗီလာအသင်းက နည်းပြချုပ်အဖြစ် ခန့်အပ်ဖို့  ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အွန်နရီဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ ဘယ်လ်ဂျီယံအသင်း လက် ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ပြီး ကလပ်အသင်းနည်းပြအဖြစ် တာဝန်ယူဖို့ စိတ်အားထက်သန် နေတယ်လို့ ဆိုပါတယ်။ အွန်နရီအနေနဲ့ နည်းပြချုပ်အဖြစ် တာဝန်ယူမယ်ဆိုရင် ချဲလ်ဆီးအသင်း ခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီကို လက်ထောက်နည်းပြအဖြစ် ခေါ်ယူမယ်လို့လည်း သိရပါတယ်။ တယ်ရီဟာ ပြီးခဲ့တဲ့ရာသီက ဗီလာအသင်းမှာ အသင်းခေါင်းဆောင်အဖြစ် ကစားခဲ့ပြီး အခုနှစ်ရာသီမှာ ကစာသမားဘ၀ကနေ အနားယူခဲ့တာပါ။ ဗီလာအသင်းဟာ ရလဒ်ဆိုးရွားခဲ့တဲ့ အင်္ဂလန်နည်းပြ စတိဘရုကို ထုတ်ပယ်ပြီးနောက် နည်းပြသစ်တဦး ရှာဖွေနေတာလည်းဖြစ်ပါတယ်။ ဗီလာ အသင်းဟာ ချန်ပီယံရှစ်ပွဲစဉ် ၁၂ ပွဲအပြီးမှာ အဆင့် ၁၅ အထိ ရောက်ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up