ဘရာဇီးသမ္မတ ရွေးကောက်ပွဲ ဒုတိယအကျော့ ယှဉ်ပြိုင်ရမည်

2.1K
ဘရာဇီး သမ္မတ ရွေးကောက်ပွဲမှာ ဘော်ဆိုနာရိုနဲ့ ဟာဒက်တို့ နှစ်ဦးစလုံး မဲအများစု မရခဲ့တာကြောင့် ဒုတိယအကျော့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
အောက်တိုဘာ ၇ ရက်နေ့က ကျင်းပတဲ့ ဘရာဇီးသမ္မတရွေးကောက်ပွဲမှာ လက်ယာဝါဒီ ဘော်ဆိုနာရိုက ထောက်ခံမဲ ၄၆.၇ ရာခိုင်နှုန်းရရှိပြီး လက်ဝဲ၀ါဒီ ဟာဒက်က ၂၈.၃၇ ရာခိုင်နှုန်း ရရှိခဲ့တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာပါတယ်။
အဲဒီ ဒုတိယအကျော့ ရွေးကောက်ပွဲမှာ အနိုင်ယူပြီး အစိုးရဖွဲ့စည်းမယ်လို့ လက်ဝဲ၀ါဒီ ဟာဒက်က ပြောပါတယ်။
ဘရာဇီးပြည်သူတွေဟာ အခုရွေးကောက်ပွဲမှာ အီလက်ထရွန်းနစ်မဲပေးစနစ်ကို အသုံးပြုပြီး ဆန္ဒမဲပေးခဲ့တာဖြစ်ပါတယ်။
အဲဒီစနစ်ကို ဟာဒက်ထောက်ခံသူတွေက မဲလိမ်မှုကို ဖြစ်စေတယ်လို့ ဝေဖန်ခဲ့ပါတယ်။ ဘရာဇီးသမ္မတရွေးကောက်ပွဲ ဒုတိယအကျော့ကို လာမယ့် အောက်တိုဘာ ၂၈ ရက်မှာ ကျင်းပမယ်လို့ သိရပါတယ်။