Home
မြန်မာသတင်း
စာရေးဆရာမောင်သွေးချွန်ကို ထောင်ဒဏ် ၂ နှစ်ချမှတ်
Aung Ko Latt
·
October 8, 2018
စာရေးဆရာ မောင်သွေးချွန်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်တရားရုံးက ဒီကနေ့ အောက်တိုဘာ ၈ ရက်မနက်ပိုင်းက  ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ပါတယ်။ စာရေးဆရာ မောင်သွေးချွန်ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) အရ လူမျိုးတမျိုးနဲ့ တမျိုးပဋိပက္ခဖြစ်အောင် တမင်လှုံ့ဆော်မှုမြောက်တဲ့အတွက် ၁၆ ကြိမ်မြောက် ရုံးချိန်းမှာ မြို့နယ်တရားသူကြီးက အပြီးသတ် အမိန့်ချမှတ်လိုက်တာပါ။ မောင်သွေးချွန်ရဲ့ ရုံးထုတ်ကို အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေ၊ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေလည်း လာရောက်ဝန်းရံခဲ့ကြပါတယ်။ မောင်သွေးချွန်ဟာ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်က မင်းကင်းမြို့နယ် ကျောက်တန်းရွာမှာပြုလုပ်တဲ့ မွေးရပ်မြေကျေးဇူးဆပ်တရားပွဲမှာ ဘာသာရေး၊ လူမျိုးရေးတွေ ပဋိပက္ခဖြစ်စေနိုင်တဲ့၊ ပြည်သူတွေ အထင်မြင်လွဲမှားစေနိုင်တဲ့ အသုံးအနှုန်းတွေ သုံးစွဲခဲ့လို့ဆိုပြီး မင်းကင်းမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဇော်က တရားရုံးကို ဦးတိုက် လျှောက်ထားပြီး ပုဒ်မ ၅၀၅(ခ)(ဂ)တို့နဲ့ တရားစွဲဆိုခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024