ချဲလ်ဆီးက ဆောက်သမ်တန်ကို ၃ ဂိုးပြတ်အနိုင်ရ (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးက အဝေးကွင်းမှာ တိုက်စစ်မှူး ဟာဇက်ရဲ့ ခြေစွမ်းပြမှုနဲ့အတူ ဆောက်သမ်တန်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ ချဲလ်ဆီးအတွက် ဦးဆောင်ဂိုးကို မိနစ် ၃၀ မှာ ဟာဇက်က သွင်းယူပါတယ်။ ဆောက်သမ်တန်ဟာ ဒီနှစ်ရာသီအစမှာ ရလဒ်တွေ ဆိုးဝါးနေတဲ့ အသင်းလည်း ဖြစ်ပါတယ်။ ဒုတိယဂိုးကို ဘာကလေက ၅၇ မိနစ်မှာ သွင်းယူပါတယ်။ ဘာကလေဟာ ၂၀၁၃ နောက်ပိုင်းမှာ ကစားသမားဟောင်း ဖရန့် လမ်းပတ် ပြီးရင် ချဲလ်ဆီးအတွက် ပထမဆုံး ဂိုးသွင်းပေးနိုင်တဲ့ အင်္ဂလိပ် ကစားသမားတဦး ဖြစ်လာပါတယ်။ အဝေးကွင်း ဖြစ်ပေမယ့် ချဲလ်ဆီးကပဲ ဖိအားပေး ကစားနိုင်ခဲ့ပြီး ထိုးဖောက် ကန်သွင်းခွင့် အကြိမ်ရေ ပိုရခဲ့ပါတယ်။ တတိယဂိုးကို ၉၃ မိနစ်မှာ မိုရာတာက သွင်းယူပါတယ်။ ဒီပွဲနိုင်တဲ့ ချဲလ်ဆီးက အမှတ် ၂၀ နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာမှာ ရှိနေပြီး ဆောက်သမ်တန်ကတော့ ၅ မှတ်နဲ့ အဆင့် ၁၆ မှာ ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up