အာဂျင်တီးနား လူငယ်အိုလံပစ်ပွဲတော်ဖွင့်ပွဲ လှိုဏ်ဂူထဲမှလွတ်လာသည့် ထိုင်းလူငယ် ၁၃ ဦးတက်ရောက်

တတိယအကြိမ်မြောက် လူငယ်အိုလံပစ်ပွဲတော်ကို မနေ့ညက အာဂျင်တီးနားနိုင်ငံ မြို့တော် ဗျူနိုအေးရိစ်မှာ စတင်ဖွင့်လှစ်ခဲ့ရာမှာ ထိုင်းနိုင်ငံ မယ်ဆိုင်က ကျောက်လှိုဏ်ဂူထဲ ပိတ်မိပြီး အသက်ရှင် လွတ်မြောက်ခဲ့ကြတဲ့  တောဝက်အသင်းသား ထိုင်းလူငယ် ဘောလုံး သမား ၁၃ ဦး တို့လည်း တက်ရောက်ခဲ့ကြပါတယ်။ အဲဒီ ပွဲတော်ဖွင့်ပွဲ အခမ်းနားကို ထောင်နဲ့ချီတဲ့ ဧည့်ပရိသတ်တွေ တက်ရောက်ခဲ့ပါတယ်။ ၁၂ ရက်တာ ကျင်းပမယ့် အဲဒီလူငယ် အိုလံပစ်ပွဲတော်ကို အသက် ၁၅ နှစ်ကနေ ၁၈ နှစ်အတွင်း ရှိတဲ့ လူငယ် အားကစားသမား လေးထောင်လောက် ၀င်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ ဦးဆုံး  ထည့်သွင်းကျင်းပမယ့် အားကစား ပွဲစဉ်တွေကို အခု လူငယ်အိုလံပစ်ပြိုင်ပွဲမှာ ထည့်သွင်းယှဉ်ပြိုင်သွားမှာလည်းဖြစ်ပါတယ်။ အဲဒီထဲမှာ အမြင့်တက်အားကစားပြိုင်ပွဲ၊ BMX အလွတ်စီး ပြိုင်ပွဲနဲ့ ကရာတေးပြိုင်ပွဲတွေ ပါဝင်ပါတယ်။ အဆိုပါ လူငယ်အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up