ဘရာဇီးသမ္မလောင်းကို ရွေးကောက်ပွဲအကြိုနေ့တွင် ဆန့်ကျင်ဆန္ဒပြ

2.6K
ဘရာဇီးသမ္မတရွေးကောက်ပွဲ အကြိုနေ့ အောက်တိုဘာ ၆ ရက်က ဆော်ပေါလိုမြို့မှာ လက်ယာဝါဒီ သမ္မတလောင်း ဘော်ဆိုနာရိုကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေက အောက်တိုဘာ ၇ ရက် ရွေးကောက်ပွဲအတွက် ရှေ့ဆုံးက ဦးဆောင်နေတဲ့ ဘော်ဆိုနာရိုကို ဆန့်ကျင်ကြောင်း ဟစ်ကြွေးကြပါတယ်။
ဘော်ဆိုနာရိုဟာ ပြီးခဲ့တဲ့လက မဲဆွယ်စည်းရုံးပွဲအတွင်း ဓားထိုးခံရပြီး ဆေးရုံတက်ရောက် ကုသခဲ့ရပါတယ်။
စစ်ဘက် အရာရှိဟောင်း တစ်ဦးဖြစ်သူ ဘော်ဆိုနာရိုဟာ ဘရာဇီးနိုင်ငံရဲ့ ၁၉၆၄- ၁၉၈၅ ခုနှစ် စစ်အာဏာရှင်စနစ်ကို နှစ်သက်ကြောင်း ပြောကြားခဲ့သူ ဖြစ်ပါတယ်။
သူ့ကို လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံသူ၊ မိန်းမမုန်းသူနဲ့ လိင်တူ စိတ်ဝင်စားသူတွေကို ရွံမုန်းသူအဖြစ် လူအတော်များများက ရှုမြင်ကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။