ထင်ရှားသည့် ဆော်ဒီစာရေးဆရာ ဂျမဲခါရွှန်းအီပျောက်ဆုံးနေ

Consul General of Saudi Arabia Mohammad al-Otaibi answers questions during an interview with Reuters at Saudi Arabia's consulate in Istanbul, Turkey, October 6, 2018. REUTERS/Osman Orsal
လွန်ခဲ့တဲ့ ၄ရက်လောက်က ပျောက်ဆုံးသွားတဲ့ ထင်ရှားတဲ့ ဆော်ဒီစာရေးဆရာ ဂျမဲခါရွှန်းအီဟာ ဆော်ဒီကောင်စစ်ဝန်ရုံးမှာ မရှိဘူးလို့ ကောင်စစ်ဝန်ချုပ်က ပြောပါတယ်။ အောက်တိုဘာ ၂ ရက်နေ့က   စာရေးဆရာ ဂျမဲခါရွှန်းအီဟာ အစ္စတန်ဘူလ် မြောက်ပိုင်းရှိ  ဆော်ဒီကောင်စစ်ဝန်ရုံးကို သွားရောက်ခဲ့ပြီး ပြန်လည် ထွက်လာခြင်း မရှိဘူးလို့ သူနဲ့ စေစပ့်ထားသူ အမျိုးသမီးက ဆိုပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဆော်ဒီ ကောင်စစ်ဝန်ချုပ်က ဂျမဲခါရွှန်းအီဟာ ကောင်စစ်ဝန်ရုံး အတွင်းမှာရော ဆော်ဒီနိုင်ငံမှာပါ မရှိဘူးလို့ ပြောပါတယ်။ ဒီအတွက် ကောင်စစ်ဝန်ရုံးနဲ့ သံရုံးတွေက ရှာဖွေရေး လုပ်ဆောင်နေပြီး  ဒီကိစ္စအတွက် စိုးရိမ်ပူပန် မိတယ်လို့လည်း သူက ပြောခဲ့ပါတယ်။ ဂျမဲခါရွှန်းအီ ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး ဆော်ဒီအိမ်ရှေ့ မင်းသားက တူရကီ  အာဏာပိုင်တွေကို ကောင်စစ်ဝန်ရုံးအတွင်း ရှာဖွေခွင့် ပြုမယ်လို့ ပြောကြားခဲ့ပေမယ့် တူရကီ တာဝန်ရှိသူတွေဟာ ကောင်စစ်ဝန်ရုံးအတွင်း ၀င်ရောက်ခွင့် မရသေးဘူးလို့ သိရပါတယ်။

More News
Up