ပေါ်တူဂီ တောမီးလောင်ကျွမ်းမှုကြောင့် ကျေးရွာများဘေးလွတ်ရာ ပြောင်းရွှေ့

2.5K
ပေါ်တူဂီနိုင်ငံ၊ စင်ထရာသဘာဝဥယျာဉ်မှာ တောမီးတွေ လောင်ကျွမ်းနေတာကြောင့် အောက်တိုဘာ ၆ ရက်နေ့က ဥယျာဉ်အတွင်းရှိ ရွာတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ပါတယ်။
ဒါ့အပြင် လေပြင်းတွေ တိုက်ခတ်နေလို့ အရှိန်အဟုန်နဲ့ ကူးစက်နေတဲ့ တောမီးကို မီးသတ်သမားတွေဟာ ကြိုးစား ငြှိမ်းသတ်နေပါတယ်။
အဆိုပါ တောမီးဟာ နိုင်ငံတောင်ပိုင်း လစ်ဘွန်းမြို့အနီး လောင်ကျွမ်းနေတာဖြစ်ပြီး မီးသတ်သမား ၅၀၀ ကျော်နဲ့ ငြှိမ်းသတ်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။