A d v e r t i s e m e n t With Us

ဗြိတိန်တွင် စကော့တလန် လွတ်လပ်ရေး တောင်းဆို ဆန္ဒပြ

ဗြိတိန်နိုင်ငံ၊ အီဒင်ဘရာမြို့မှာ အောက်တိုဘာ ၆ ရက်နေ့က စကော့တလန် လွတ်လပ်ရေးအတွက်  တောင်းဆိုတဲ့ ဆန္ဒပြပွဲ ပြုလုပ်ခဲ့ပါတယ်။ အဲဒီချီတက် ဆန္ဒပြပွဲမှာ လူတစ်သိန်းဝန်းကျင်ပါဝင်ပြီး ဒီအရေအတွက်ဟာ လွတ်လပ်ရေးလိုလားတဲ့ စိတ်ဆန္ဒရှိနေဆဲဆိုတာကို ပြသတာဖြစ်တယ်လို့ ဆန္ဒပြပွဲစီစဉ်သူ တဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ ပြည်သူ့ဆန္ဒခံယူပွဲမှာ စကော့တလန်ဟာ ဗြိတိန်နိုင်ငံအတွင်း ဆက်လက်နေဖို့ ထောက်ခံခဲ့ပါတယ်။ ၂ နှစ်အကြာမှာတော့ ဗြိတိန်တစ်နိုင်ငံလုံး  အီးယူကနေ ထွက်ခွာဖို့ ထောက်ခံချိန်မှာပဲ စကော့တလန်မဲဆန္ဒရှင်တွေဟာ အီးယူအတွင်း ဆက်လက်နေဖို့ တခဲနက်ထောက်ခံ ခဲ့ပါတယ်။ မနှစ်တုန်းက စကော့တလန်ခွဲထွက်ရေး ခေါင်းဆောင် နစ်ကိုလာစတာဂျင်က အီးယူကနေ ဗြိတိန်ထွက်ခွာရေး ကိစ္စတွေ ရှင်းရှင်းလင်းလင်း မဖြစ်မချင်း လွတ်လပ်ရေး တောင်းဆိုမယ့် ဒုတိယအကြိမ် ဆန္ဒခံယူပွဲ အစီအစဉ်တွေကို ရွှေ့ဆိုင်းခဲ့ပါတယ်။ ဒါပေမယ့် စက်တင်ဘာလအတွင်း ပြုလုပ်တဲ့ လူထုသဘောထား စစ်တမ်းမှာတော့ အီးယူကနေ ဗြိတိန်ထွက်ခွာတာဟာ စကော့တလန်ပြည်သူတွေကို လွတ်လပ်ရေးတောင်းဆိုဖို့ ယိမ်းယိုင်စေတယ်လို့ ရိုက်တာသတင်း မှာဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up