A d v e r t i s e m e n t With Us

အမေရိကန်တွင် နိုင်ငံတကာ မီးပုံးပျံပွဲတော်ဖွင့်လှစ်

အမေရိကန်ပြည်ထောင်စု၊ နယူးမက္ကဆီကိုပြည်နယ်၊ အယ်ဘိုကတ်ကဲမြို့မှာ  အောက်တိုဘာ ၆ ရက်က ၄၇ ကြိမ်မြောက် နိုင်ငံတကာ မီးပုံးပျံပွဲတော်ကို ဖွင့်လှစ်လိုက်ပါတယ်။ အဲဒီပွဲတော်ကို နှစ်စဉ်ကျင်းပပြီး ဧည့်သည် တစ်သန်းနီးပါး လာရောက် ကြည့်ရှုခဲ့ပါတယ်။ ဒီနှစ်အဖို့ ပွဲတော်ခေါင်းစဉ်က  "Carry Me Away" ဖြစ်ပြီး အောက်တိုဘာ ၆ ၊  ၇ ၊ ၁၀ ၊ ၁၃ နဲ့ ၁၄ ရက်တွေမှာ မီးပုံးပျံတွေ အများအပြား လွှတ်တင်ပွဲ ပြလုပ်ဖို့  စီစဉ်ထားပါတယ်။ အဲဒီပွဲတော်မှာ မီးပုံးပျံ ၆၀၀ နီးပါး ပါဝင်ကြမှာဖြစ်ပြီး ၁၀၀ လောက် ဟာ အထူးပုံဖော်ထားတဲ့ မီးပုံးပျံတွေ ဖြစ်တယ်လို့ သိရတယ်။ အဲဒီ အထူးပုံဖော် မီးပုံးပျံတွေမှာ ပန်းချီဆရာ ဗင်ဂိုးပုံ၊ ပြုံးရယ်နေတဲ့ အီမိုဂျီပုံ ၊ ခွေးဘီလူး ဘက်စ်တာပုံနဲ့ ချိစ်စားနေတဲ့ ကြွက်ပုံတို့ ပါဝင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up