မြန်မာ ယူ-၁၇ အသင်း ကမ္ဘာဒီးယားကို ၂ ဂိုးရှုံး

ဂျပန်နိုင်ငံမှာ အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့  ဂျပန်-မဲခေါင် ယူ -၁၇ ဖိတ်ခေါ်ပြိုင်ပွဲမှာ မြန်မာ ယူ-၁၇ အသင်းက ကမ္ဘောဒီးယား ယူ-၁၇ အသင်းကို  (၂-၀)နဲ့ ရှုံးနိမ့်သွားပါတယ်။ အုပ်စုတွင်းပွဲစဉ်တွေမှာ မြန်မာ ယူ-၁၇ အသင်းဟာ ဂျပန် ယူ-၁၇ အသင်းကို (၃-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ဗီယက်နမ် ယူ-၁၇ အသင်းကိုတော့ (၁-၀)နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အုပ်စု(ခ)ပွဲစဉ်တွေအပြီးမှာ  ဂျပန်က ၃ပွဲနိုင် ရမှတ်အများဆုံးနဲ့  အုပ်စုပထမ၊ မြန်မာနဲ့ ဗီယက်နမ်တို့ ရမှတ်တူညီပေမယ့်  ဂိုးကွာခြားချက်ကြောင့် ဗီယက်နမ်က ဒုတိယနဲ့ မြန်မာက အုပ်စု တတိယရရှိခဲ့ပါတယ်။ မြန်မာလူငယ်အသင်းဟာ အုပ်စုတတိယနေရာ ရရှိခဲ့လို့ တစ်ဖက် အုပ်စု(က)မှ ဂျပန် ဘဲလ်မာရီ ယူ-၁၇ အသင်းနဲ့ ပဉ္စမနေရာအတွက်  မနက်ဖြန်မနက်မှာထပ်မံ ယှဉ်ပြိုင်ရ မှာဖြစ်ပါတယ်။ ဓာတ်ပုံ- MFF

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up